3

1.8K 358 14
                                    

Z.

"အားးးး"

မနက်ခင်းမှာ ထွက်ပေါ်လာတဲ့ အသံကျယ်ကြီးကြောင့် နံရံပေါ်ကပ်နေတဲ့ အိမ်မြှောင်လေးခမျာ ကြမ်းပေါ်ကားယားလေး ပြုတ်ကျသွားရှာတယ်။

စောင်အောက်မှာရှိနေတဲ့ ဆံပင်အပြာရောင်တွေနဲ့ လူကြောင့် ရှောင်းကျန့် မျက်လုံးတွေပြူးပြီး ကုတင်ခေါင်းရင်းမှာ ကပ်နေတယ်။ အော်သံကြောင့်ထင်ပါတယ် အိပ်နေတဲ့ ဆံပြာနဲ့လူကလည်း မျက်လုံးတွေပွတ်ပြီး နိုးလာတယ်။

"မင်း! မင်းဘယ်သူလဲ ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ "

သူ့ဘက်ထိုးလာတဲ့ ရှောင်းကျန့်လက်ညိုးကို လက်နဲ့ဆုတ်လိုက်ပြီး ဆံပြာနဲ့လူက ပြန်ဖြေတယ်။

" မသိဘူးလေ ညကခင်ဗျားခေါ်လို့ လိုက်လာတာပဲ"

တစ်ဖက်လူလက်ထဲ ရောက်နေတဲ့လက်ညိုးကို ပြန်ဆွဲထုတ်ပြီး ရှောင်းကျန့်တစ်ယောက် ဦးနှောက်ကို အမြန်အလုပ်ပေးရတယ်။

မနေ့ညက ကောချန်ကို လက်ကဆွဲပြီး ပြန်ဖို့လုပ်ခဲ့တာ သေချာပါတယ်။ အာ လူတွေနဲ့တိုက်မိတုန်းက ကောချန်လက်ကို လွတ်သွားတာထင်တယ်။ ပြီးတော့ ဒီကောင်လေးလက်ကို မှားဆွဲမိပြီး ဒီလိုတွေဖြစ်...။

အတွေးထဲမှာ တစ်ဖက်လူရဲ့ ဆံပင်တွေထဲ လက်ထိုးဖွခဲ့တာတွေရယ် တစ်ဖက်လူပေါ် အန်ချခဲ့တာတွေရယ်ပါ တစ်ဆက်တည်းပေါ်လာတယ်။ နောက်ပြီး ဒီမနက်နိုးလာတော့လည်း သူက အဝတ်မပာတဲ့ တစ်ဖက်လူကို ဖက်အိပ်ရက်သားကြီး။

ရှက်သွားတာကြောင့် ရှောင်းကျန့်နားရွက်ဖျားတွေက ရဲရဲနီသွားတယ်။ ကောင်လေးကိုကြည့်လိုက်တော့ ဘာမှမဖြစ်သလိုပဲ ရှောင်းကျန့်အခန်းထဲက Tracer 85ပုံ ပိုစတာတွေကို ကြည့်နေတာတွေ့ရတယ်။ ရုတ်တရက် ကောင်လေးက ခေါင်းလှည့်ပြီး မေးလာတယ်။

"ခင်ဗျားက Tracer 85ရဲ့ ပရိသတ်လား"

"အင်း သူကအရမ်းတော်တယ်လေ"

85အကြောင်းပြောတာနဲ့ ချက်ချင်းပဲ ပြုံးသွားတဲ့ ရှောင်းကျန့်ကြောင့် ကောင်လေးရဲ့ နှုတ်ခမ်းတစ်ဖက်က အပေါ်ကိုတွန့်သွားတယ်။

Eighty FiveWhere stories live. Discover now