Arc - 1.2 [U]

1.8K 248 8
                                    

လုကျီက စုဝမ်ကို ဆန်ပြုတ်နဲ့ တခြားအရံမုန့်တချို့ကျွေးလိုက်ပြီး စုဝမ်အနားယူနေတဲ့အချိန်အတွင်း စောင့်ပေးဖို့တွေးနေသည်။ စုဝမ်ကလည်း သူမရဲ့ခန္ဓာကိုယ်က အနားယူဖို့လိုအပ်သေးတာကို သိပေမယ့် သူမတစုံတခုကိုသတိရသွားသည်။ အခုချိန် ရွှမ်ယွမ်ရုနဲ့ ယဲ့ကျီဟွာက လူသတ်ကွင်းမှာရှိနေပြီး နောက်တရှီချန်ကြာရင် ရွှမ်ယွမ်ချင်းနဲ့ ယဲ့ကျီကျင်းတို့ကိုကွပ်မျက်တော့မှာ။ အဲ့အခါကျရင် ယဲ့ကျီဟွာရဲ့အခြေအနေက အရမ်းကောင်းသွားမှာ။

ဟီး......ဟီးး ယဲ့ကျီဟွာစိတ်အနှောင့်အယှက်ဖြစ်စေဖို့ သူမတခုခုမလုပ်ဘူးဆိုရင် သူမနေလို့ကောင်းမှာမဟုတ်တော့။ ဒါကြောင့် သူမချက်ချင်း လုကျီကို စုတ်တံရယ် မှင်သွေးကျောက်တုံးရယ် စာရွက်ရယ် ယူစေပြီး၊ မူလကိုယ်ရဲ့လက်ရေးစာကို အိမ်ကိုပို့စေလိုက်သည်။

"မင်းသမီး..... မင်းသမီးက...."

သူမရဲ့သခင်မ အိမ်ကိုစာပို့နေတာကြည့်ပြီး လုကျီ ကြောင်တောင်တောင်ဖြစ်သွားတယ်။ သူမရဲ့သခင်မက လက်ထပ်ပြီးအိမ်တော်ထဲဝင်လာပြီးထဲက စစ်သူကြီးအိမ်တော်နဲ့အဆက်အသွယ်ပြတ်နေခဲ့သည်။ ပြန်တွေးကြည့်ရင် ဘယ်သူက မင်းသမီးရုယီကို နေမကောင်းတဲ့မင်းသမီးကို စစ်သူကြီးနဲ့ထားခဲ့ပြီး အရင်ထွက်သွားစေခဲ့လို့လဲ။ တခြားဘက်မှာလည်း စစ်သူကြီးက စစ်မြေပြင်ကိုထွက်နိုင်တဲ့ သားတစ်ယောက်ကိုသာ အမြဲအလိုရှိနေခဲ့တာဖြစ်သည်။

ရလာဒ်အနေနဲ့ကတော့ သူက စုဝမ်နဲ့သိပ်မဆက်သွယ်ဖြစ်တော့။ စုဝမ်တစ်နှစ်ခွဲမပြည့်ခင်မှာ ဧကရာဇ်က စစ်သူကြီးစုယုဖန်ကို မမျှော်လင့်ပဲ လက်ထပ်ပွဲတခုချီးမြှင့်လိုက်သည်။ ဒီတခေါက် စစ်သူကြီးကို အထူးချီးမြှင့်ထားတဲ့အိမ်ထောင်ဘက်က တော်ဝင်မိသားစုကပဲဖြစ်သည်။ ဒီမင်းသမီးချင်းယုက ကောင်းမွန်တဲ့ပုံရိပ်ပြသနိုင်ခဲ့သည်။ ကိုးလကြာပြီးနောက်တော့ သူမက အကြီးဆုံးသား စုယွီကို မွေးဖွားပေးနိုင်ခဲ့တယ်။ စုယွီက စုဝမ်ထက်တနှစ်ငယ်သည်။ ထို့အပြင် သူ့ရဲ့ခန္ဓာကိုယ်က ကောင်းမွန်လို့ သုံးနှစ်အရွယ်ထဲက ကိုယ်ခံပညာကိုစလေ့လာခဲ့တယ်။ သူ့အသက် ခုနှစ်နှစ်၊ရှစ်နှစ်လောက်မှာပဲ အရပ်က စုဝမ်ထက်တော်တော်ရှည်နေပြီ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now