အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.5 [U]

788 110 1
                                    

လော့ချူးချူးစိတ်တွေ အရမ်းလှုပ်ရှားနေမိသည်။ ရှောင်းကျန်းမိုက အနက်ရောင် *swallow-tail coat ဝတ်ထားပြီး သူမလက်ကိုဆွဲကာ တံခါးကနေထွက်လိုက်တော့ သူမလက်ဖဝါးမှာ ချွေးတွေရွှဲလာသည်။

"ချူးချူး.... အရမ်းစိတ်မလှုပ်ရှားနဲ့။ ကိုယ် ဒီမှာရှိတယ်"

ရှောင်းကျန်းမိုရဲ့အသံက တိုးဖွဖွလေးနဲ့နူးညံ့နေပြီး ဒါကပဲ လော့ချူးချူးကို စိတ်သက်သာရာရစေ၏။

အဲ့အချိန် ခန်းမထဲမှာလည်း ဧည့်သည်တွေအပြည့်ဖြစ်နေပြီ။ မီးအလင်းရောင်တွေက ရှောင်းကျန်းမိုမျက်နှာဘက် ရောက်လာပြီး သူ့မျက်နှာအစိတ်အပိုင်းတစ်ခုဆီကို ပိုထင်ရှားလာစေသည်။ ရဲတိုက်ထဲကထွက်လာတဲ့ မင်းသားတစ်ပါးလိုပဲ သူက ခန့်ညားသက်သာစွာ လော့ချူးချူးလက်ကိုဆွဲပြီး လှေကားကနေဆင်းလာသည်။

ဒီည လော့ချူးချူးက အဖြူစွတ်စွတ်ဂါဝန်ဝတ်ထားပြီး ဆံပင်ကိုလည်း ရိုးရှင်းစွာပဲ ထုံးဖွဲ့ထား၏။ လူတစ်ကိုယ်လုံးက ကြော့ရှင်းသိမ်မွေ့နေသည်။

လူအများကြီးရဲ့ရှေ့မှာရပ်နေရတော့ ရှောင်းကျန်းမိုဘေးမှာရှိနေတာတောင် ရှက်ရွှံ့တုန်လှုပ်နေမိတယ်။ လက်တစ်ဖက်က မရည်ရွယ်ပဲ ဂါဝန်အနားစကို ဆုတ်ကိုင်မိသွားပြီး သူမအကြည့်တွေကလည်း အနည်းငယ်တုန်လှုပ်မှုကို ပြနေသည်။

လူအုပ်ထဲက ဘယ်သူက တီးတိုးစပြောလိုက်လဲမသိ မကြာခင်မှာပဲ လူတစ်ချို့ရဲ့ တီးတိုးပြောသံတွေပျံ့နှံ့လာသည်။ ရှောင်းကျန်းမို စိတ်ရှုပ်စွာ မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီး လူတိုင်းရဲ့အကြည့်နောက်ကို လိုက်ကြည့်ပြီးနောက်မှာတော့ သူ့အကြည့်တွေ ရပ်တန့်သွားရသည်။

ပွဲခန်းမရဲ့ထောင့်နားလေးမှာ စုဝမ်က ခုံပေါ်မှာ ထိုင်နေပြီး သူမရဲ့ဆံပင်အခွေအလိပ်လေးတွေကိုလည်း ခေါင်းနောက်မှာ လျော့တိလျော့ရဲထုံးဖွဲ့ထားကာ ဆံစတစ်ချို့ကတော့ သူမနားထင်နားပြန်ကျနေ၏။ စုဝမ်က ဘေးတစ်ဖက်ကိုမှီထိုင်နေပြီး သူမရဲ့ဂါဝန်အဖြူလေးက သူမရဲ့နူးညံ့မှုအကာအရန်အဖြစ် သူမကိုပိုပြီးဆွဲဆောင်မှုရှိစေသည်။ သူမက ကြာပန်းလေးလိုမျိုး ကျော့ရှင်းအေးမြတဲ့ အငွေ့အသက်ကို သယ်ဆောင်ထားသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now