Arc - 1.6 [U]

1.5K 234 4
                                    

စစ်သူကြီးစုရဲ့အိမ်တော်က မြို့တော်ရဲ့အနောက်မြောက်ဘက်မှာတည်ရှိသည်။ လွန်ခဲ့တဲ့နှစ်တွေမှာ စစ်သူကြီးစုက နယ်စပ်မှာပဲစောင့်ကြပ်နေပြီး အိမ်တော်ကိုပြန်လာသည်မှာရှားသောကြောင့် အိမ်တော်မှာဆို စုယွီကနောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်နေသည်။

စုဝမ်တစ်ချိန်လုံးနိုးနေတာကို စုယွီက မသိခဲ့ပေ။ သူ့အမြင်မှာတော့ သူမက အားနည်းကာ တစ်ချိန်လုံး ကယောင်ကတမ်းတွေဖြစ်နေတယ်လို့ မြင်နေသည်။ စုယွီက သမားတော်သွားပင့်ခိုင်းရတဲ့အထိတောင် စိတ်ပူနေသည်။ ဆေးပညာမှာဆို စီအိမ်တော်က ပြိုင်ဘက်ကင်းဆိုတာ မြို့တော်တစ်ခုလုံးသိကြသည်။ ဒါပေမယ့်လည်း သူ့မမအပေါ် မကောင်းတဲ့အကြံရှိနေတဲ့ လူအရေခြုံထားတဲ့ အဲ့မကောင်းဆိုးဝါး တော်ဝင်သမားတော်စီအကြောင်းတွေးမိတော့ စုယွီ စီအိမ်တော်ကနေ သမားတော်ခေါ်ဖို့အကြံကို လက်လျှော့လိုက်သည်။

ဆံပင်တွေဖြူနေတဲ့ တော်ဝင်သမားတော်အိုကြီးက စုဝမ်ရဲ့သွေးခုန်နှုန်းကိုစမ်းလိုက်ပြီး သူမရဲ့ရောဂါအခြေအနေအကြောင်း စုယွီကို ဂရုတစိုက်အစီရင်ခံတင်ပြနေသည်။ သူမရဲ့ကျန်းမာရေးက အားနည်းနေတုန်းဆိုပေမယ့်လည်း သူမက အခုတလောသက်သာလာနေပြီမလို့ အရင်တုန်းကလို အသက်အန္တရာယ်ရှိတဲ့အထိတော့ မဟုတ်တော့ပေ။

တော်ဝင်သမားတော်အိုကြီးကို လိုက်ပို့ပြီးတာနဲ့ စုယွီက ကုတင်ဘေးမှာထိုင်ပြီး စုဝမ်ကိုငေးကြည့်နေသည်။ နေရောင်ထွက်လာမှသာ စုယွီက ထသွားတော့တယ်။ သူက လုကျီကို မဲမှောင်နေတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး "မင်း သခင်မကို ကောင်းကောင်းစောင့်ရှောက်ထား... တစ်ခုခုလွဲချော်သွားတာနဲ့ ငါ မင်းကို တစ်စစီဝါးစားပစ်မယ်"

တစ်စစီ... ဝါးစား... မယ်....

လုကျီခန္ဓာကိုယ်လေးက ကျုံ့သွားပြီး တုန်ရင်လာတော့သည်။ သူမက စစ်သူကြီးအိမ်တော်ကထွက်သွားတာ လေးနှစ်လောက်ရှိပြီဆိုပေမယ့်လည်း ဒီသခင်ငယ်လေးရဲ့ စိတ်နေသဘောထားကိုတော့ မှတ်မိနေဆဲဖြစ်သည်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းသမီးအိမ်ဝန်းမှာရှိတဲ့ အစေခံတွေက တစ်သုတ်ပြီးတစ်သုတ်ပြောင်းလဲနေကြပြီး သူမကသာ မင်းသမီး ဝမ်ဖေးဖြစ်တဲ့အချိန်ထိ အနားမှာရှိနေနိုင်တဲ့သူဖြစ်သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now