Arc - 1.10 [U]

1.4K 222 3
                                    

ရာသီဥတုက တဖြည်းဖြည်းအေးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းတွင်းကိုချည်းနင်းဝင်ရောက်လာခဲ့သည်။

သမားတော်စီရဲ့အကျိုးအမြတ်မကြည့်ပဲ ဂရုတစိုက်ကုသပေးမှုတွေက စုဝမ်ရဲ့ကျန်းမာရေးကို ပြန်ကောင်းလာစေခဲ့သည်။ အရာရှိတွေကျင်းပတဲ့ လူသိများတဲ့ပွဲတချို့မှာလည်း သူမကပေါ်လာတတ်သေးသည်။ အစိုးရအရာရှိကြီးငယ်အကုန်လုံးက အခုမှ စုဝမ်ဆိုတာကို မှတ်မိသွားကြတော့တယ်။ ဖြူလွင်အေးစက်နေတဲ့ဆောင်းတွင်းမှာတောင် သူမက အနီရောင်ဝတ်စုံကိုပဲအမြဲဝတ်လေ့ရှိသည်။ အဲ့ဝတ်စုံက တောက်ပပြီးကြည့်ကောင်းတယ်။ သူမရဲ့အသွင်အပြင်က အနည်းငယ်ဖြူလျော်နေရင်တောင် ဒီဖြူလျော်တာက သူမရဲ့တောက်ပတဲ့မျက်နှာအသွင်အပြင်ကို အနှောင့်အယှက်မဖြစ်ပေ။

အရင်ပိုင်ရှင်ရဲ့ကံကောင်းမှုကြောင့် သူမက အခုဒီလိုလှပပြီး နှစ်လိုဖွယ်ကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားရပြီး ဒါကပဲ သူမကို ရေထဲပြန်လွှတ်ခံရတဲ့ ကမ်းတင်ငါးလေးလိုခံစားရစေသည်။ အရင်တုန်းကဆို စုဝမ်အပြင်ထွက်တာက တော်တော်ရှားပါးပြီး ထွက်ခဲ့ရင်လည်း ရွှမ်ယွမ်ရုနဲ့ပဲဖြစ်သည်။ အခုတော့ စုဝမ်က လူအများငေးကြည့်ရလောက်တဲ့ အရင်ပိုင်ရှင်ရဲ့ အရည်အချင်းတွေကို ဖြည်းဖြည်းချင်းထုတ်ဖော်ပြသလိုက်သည်။ အချိန်ခဏအတွင်းမှာပဲ သူမက မြို့တော်ထဲမှာ လူကြိုက်အများဆုံးတစ်စုံတစ်ယောက်ဖြစ်လာခဲ့သည်။

ရွှမ်ယွမ်ရုနဲ့ပတ်သတ်တဲ့ကောလဟလတွေကတော့ ယွီဝမ်အိမ်တော်က လွှတ်ထားတဲ့လူတွေကြောင့် လူပြောနည်းသွားပေမယ့်လည်း အတင်းပြောရတာကြိုက်တဲ့သာမန်လူတွေကြားထဲမှာတော့ တိတ်တဆိတ်ပြောလို့ကောင်းတဲ့ အကြောင်းအရာဖြစ်နေဆဲပင်။ လူအများက စုဝမ်ရဲ့အိမ်တော်ကို စောင့်ကြည့်နေကြပြီး ရွှမ်ယွမ်ရုကိုလည်း ဟာသလုပ်ဖို့စောင့်နေကြသည်။

ရွှမ်ယွမ်ရုရဲ့လွန်ခဲ့တဲ့နှစ် ၂၀ က ကောင်းကောင်းမွန်မွန်ဖြတ်သန်းခဲ့ရတယ်ဆိုရင် လက်ရှိ စုဝမ်ထွက်သွားပြီး ယဲ့ကျီဟွာက သူ့ရဲ့ဝမ်ဖေးဖြစ်လာထဲက သူ့ဘဝကြီးရဲ့ အဆင်မပြေမှုတွေစလာခဲ့သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now