အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.13 [U]

682 136 1
                                    

လော့ချူးချူးက သူမနှင့်ရှောင်းကျန်းမို စတင်သိကျွမ်းခဲ့တဲ့အချိန်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူမ အချိန်ပိုင်း အလုပ်လုပ်ခဲ့တဲ့ bar မှာ မတော်တဆတွေ့ဆုံခဲ့ကြသည်။ ဒီမတော်တဆဆုံစည်းမှုလေးကပဲ သူမတစ်ဘဝလုံးကိုပြောင်းလဲသွားစေခဲ့တာ။

ဒီရက်ပိုင်းအတွင်း သူမနှင့်ရှောင်းကျန်းမိုဆက်ဆံရေးက အေးစက်စက်ဖြစ်နေခဲ့သည်။ တကယ်တော့ သူတို့နှစ်ယောက်ကြားက ပြဿနာက စုဝမ်ကြောင့်ပဲတော့မဟုတ်ဘူးဆိုတာ နှစ်‌ယောက်လုံး သတိထားမိကြသည်။

မွေးနေ့ပါတီညတုန်းက စုဝမ်ကို မြင်မြင်ချင်း ရှောင်းကျန်းမိုက လော့ချူးချူးလက်ကို ဖြုတ်ချလိုက်သည်။ ရည်ရွယ်ပြီးပဲဖြစ်စေ၊ မရည်ရွယ်ပဲလုပ်တာဖြစ်ပါစေ ဒီအပြုအမူကပဲ လော့ချူးချူးနှလုံးသားကို နာကျင်စေသည်။

အဲ့နေ့က သူမက ဗီလာဧည့်သည်ခန်းမှာ တစ်ယောက်ထဲဖြစ်ခဲ့သည်။ သူမခေါင်းအုံးပေါ် ခေါင်းချထားပေမယ့် အိပ်မပျော်ခဲ့ဘူး။ သူမတို့နှစ်ယောက်စလုံး ဒီအတိုင်းပြီးဆုံးသွားမှာကြောက်နေမိသည်။ ဒါပေမယ့်လည်း နောက်နေ့ရောက်တော့ အရင်လိုပဲပြန်ဖြစ်သွားသည်။ ရှောင်းကျန်းမိုကလည်း သူ့ကဒ်တွေ စားပွဲပေါ်ပစ်တင်ပြီး သူမနဲ့လမ်းခွဲတာမျိုး မလုပ်ခဲ့ဘူး။

မနေ့ညကတောင် သူက နှင်းဆီပန်းစည်းအကြီးကြီးကို ဝယ်လာပေးပြီး မြတ်နိုးမှုအပြည့်နဲ့ တစ်ညလုံးဖက်ထားပေးခဲ့သေးတာ။

ဒီနှစ်နှစ်စလုံးအဆင်ပြေပြေနေလာနိုင်ခဲ့တာ သူမတို့မှာလည်း ခံစားချက်တွေရှိနေလို့ပေါ့။

လော့ချူးချူး သူမကိုယ်သူမ ထပ်ပြီးမညာနိုင်တော့ဘူး။ သူမက ဒီအရာအားလုံးကို လက်မလွှတ်ချင်ဘူး။

သူမဘဝတစ်လျှောက်လုံး ရှောင်းကျန်းမိုလို အလိုလိုက်ပေး၊ချစ်ပေးမယ့် ယောက်ျားမျိုးထပ်ရှိလာမှာမဟုတ်ဘူး။ ပြီးတော့လည်း ရှောင်းကျန်းမိုနဲ့မတွေ့ခင်က သူမက သာမန်ကောင်မလေးတစ်ယောက်သာ။

ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေပဲ ရှာပေးပြီး၊ အဆုံးမရှိချစ်မြတ်နိုးပေးတတ်တဲ့ လွှမ်းမိုးတတ်တဲ့ ဥက္ကဠပုံစံ ရှောင်းကျန်းမိုလိုယောက်ျားမျိုးနဲ့ ဆုံစည်းချင်တာက မိန်းကလေးတိုင်းရဲ့အိမ်မက်ပဲမဟုတ်လား။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now