အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.14 [U]

666 136 1
                                    

စုဝမ်ဘက်မှ ဖုန်းချသွားပြီးနောက် ရှောင်းကျန်းမိုက ဖုန်းကို လက်ထဲမှချကာ ဘေးမှာရပ်နေတဲ့ လော့ချုူးချူးဆီ ကြည့်လိုက်ပြီး "အလုပ်ပြီးရင် မင်းကိုပါ အတူခေါ်သွားမယ်"

လော့ချုူးချူးက ရှောင်းကျန်းမိုမှ ဒီလိုပြောလာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူမတုံ့ဆိုင်းသွားပေမယ့်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

တစ်ကယ်တော့ သူတို့နှစ်ယောက်လုံးလည်း သိနေသည်။ စုဝမ်ပြဿနာကိုသာ မဖြေရှင်းခဲ့ရင် နှစ်ယောက်စလုံး အရင်ကအခြေအနေကို ပြန်မသွားနိုင်တော့ဘူးဆိုတာ။

သံသယမျိုးစေ့လေးပေါက်လာရင် အမြစ်ကနေ တစ်ခါထဲဆွဲနှုတ်ထားမှပင်၊ မဟုတ်ရင် ထိန်းချုပ်လို့မရနိုင်တော့တဲ့အထိ ကြီးထွားသွားလိမ့်မည်။

ဒီအချိန် စုဝမ်ဘက်မှာတော့ ရှောင်းကျန်းမိုဖုန်းကိုချလိုက်ပြီးနောက်ပိုင်း စုဝမ်စိတ်အခြေအနေက အရမ်းကို သက်တောင့်သက်သာဖြစ်နေသည်။ သူများဆီက လုယူထားတဲ့ချစ်သူက တစ်ကယ့်ချစ်သူမဟုတ်ဘူးလို့ပြောကြ၏။

လော့ချူးချူးအပေါ်ကိုတော့ အန္တရာယ်ပေးလိုတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ရှောင်းကျန်းမိုလို ယောကျ်ားမျိုးကို သူမယုံကြည်မှုမပေးနိုင်ခြင်းသာ။ စင်ဒရဲလားပုံပြင်ထဲကလို အဲ့လိုအကောင်ကြီးကြီးတွေက ရိုးအတဲ့မိန်းကလေးတွေကို လှည့်ဖြားတတ်ကြတယ်လေ။

စင်ဒရဲလားက ဥက္ကဠနှင့်လက်ထပ်သွားလို့သာ happy ending ဖြစ်သွားတာ လက်ထပ်ပြီးနောက်ပိုင်းရော??

ယောကျ်ားတွေက ကမ္ဘာပေါ်မှာ မယုံကြည်ရဆုံးသတ္တဝါတွေပင်။

အကယ်၍ ရှောင်းကျန်းမိုကသာ လော့ချူးချူးကို တစ်ကယ်ချစ်မြတ်နိုးပေး၊ သေတဲ့အထိ ယုံကြည်ပေးပြီး၊ နက်နက်ရှိုင်းရှိုင်းသာချစ်ပေးမယ်ဆိုရင် ဒီတစ်ခေါက်တာဝန်ကျရှုံးရင်တောင် သူမလက်ခံပေးလိမ့်ဦးမည်။

ကံမကောင်းတာက...

စုဝမ်က ကမ္ဘာပေါင်းများစွာ ဖြတ်ကျော်ခဲ့ခဲ့ဖူးပြီး တစ်ခါမှလည်း မရှုံးနိမ့်ခဲ့ဖူးပေ။

အဲ့ယောကျ်ားတွေသဘာဝကိုကပင် ပြောင်းလဲလွယ်ပြီး အထိန်းအကွပ်မဲ့လွန်းသည်။ ဘယ်တစ်ယောက်ကမှ မထိန်းချုပ်နိုင်ဘူး..

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now