အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.4 [U]

755 112 1
                                    

ရှောင်းမိသားစုရဲ့ပွဲကို ရေကန်ဘေးမှာရှိတဲ့ ရှောင်းပိုင်အိမ်တော်မှာ ကျင်းပခဲ့တယ်။ ပွဲက 7နာရီမှာစမှာဖြစ်ပြီး အဖြူရောင်ပွဲတက်ဂါဝန်ကို လဲဝတ်ထားတဲ့ စုဝမ်က ရှောင်းအိမ်တော်တံခါးပေါက်ကို ချန်ဝေကို အဖော်ပြုရင်းရောက်နေခဲ့ပြီ။

အဲ့တုန်းကတော့ ဧည့်သည်တွေလည်း များမနေသေးဘူး။ နေ့လည်တစ်ပိုင်းလုံး မိုးရွာထားတာကြောင့် မြက်နံ့သင်းသင်း‌လေးကလည်း ပျံ့ဝဲနေပြီး အပြင်ပတ်ဝန်းကျင်တစ်ခုလုံးကလည်း စိုစွတ်နေခဲ့သည်။

စုဝမ်နဲ့ချန်ဝေကတော့ ဝင်ဝင်ချင်းမှာပဲ ဧည့်သည်တွေရဲ့အာရုံကို စွဲဆောင်နိုင်လိုက်တယ်။ EVFA ရဲ့ ဟွာရှားမြို့ခွဲ အုပ်ချုပ်သူအသစ် စုဝမ်။ အကုန်လုံးက စုဝမ်နဲ့ပတ်သတ်ပြီး သိချင်စိတ်တွေဖြစ်ပေါ်နေကြ၏။ သူမရဲ့ ဒီညနေခင်းဝတ်စုံကို တွေ့ပြီးနောက်မှာ လူချမ်းသာတော်တော်များများရဲ့မျက်လုံးတွေက တောက်ပကုန်ကြတယ်။

စုဝမ်ရဲ့ ဒီညမိတ်ကပ်က ရိုးရှင်းနေပြီး သူမဝတ်ထားတဲ့ အဖြူရောင်ဂါဝန်ကလည်း အလွန်အကျူးအလှဆင်ထားတွေ ရှိမနေခဲ့ဘူး။ ဒါပေမယ့်လည်း ဒီလိုသဘာဝဆန်ဆန် ပေါ့ပါးတဲ့မိတ်ကပ်နဲ့ သူမရဲ့မျက်နှာနုနုလေးက သူမကို ဖြူစင်လတ်ဆတ်တဲ့ပုံပေါ်နေစေသည်။

အထက်တန်းဆန်တဲ့လူအုပ်ကြားထဲက ထူးခြားတဲ့သိမ်မွေ့မှုလေး....

ရှောင်းကျန်းမိုကလည်း လော့ချူးချူးကို ဒီလိုဒီဇိုင်းမျိုးပြင်ဆင်ပေးမယ်ဆိုတာ စုဝမ်ကြိုသိနေခဲ့သည်။

တကယ်ကို ရှက်စရာပဲ။ သူမလိုလူက တစ်ခြားလူတစ်ယောက်နဲ့ ပုံစံတူ လိုက်ဝတ်ချင်နေသေးတယ်။

တစ်ခြားသူတွေက သူမကို အားကျမှု၊ လေးစားမှု၊ မနာလိုမှု စတဲ့အကြည့်အမျိုးမျိုးနဲ့ ကြည့်နေတာတွေ့တော့ ယောက်ျားတစ်ယောက်အနေနဲ့ချန်ဝေလည်း စိတ်ဒုက္ခရောက်တာတစ်ဖက်၊ ပျော်တာတစ်ဖက်ဖြစ်နေသည်။

သူ့ရဲ့အဖော်အမျိုးသမီးက အရမ်းကို မျက်စိဖမ်းစားနိုင်တာပဲ။ သူ့ရဲ့ကြွားဝါလိုတဲ့စိတ်က အနည်းငယ်ကျေနပ်နေပေမယ့် နှမြောစရာကောင်းတာက သူမက သူ့သက်ဆိုင်သူ ဟုတ်မနေခဲ့ဘူး။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now