Arc - 1.7 [U]

1.5K 232 4
                                    

ကျယ်ဝန်းတဲ့ ကျောက်သားအခန်းကြီးက ခြောက်သွေ့မှောင်မဲနေသည်။ အခန်းထဲကမီးအိမ်လေးကမူ မှိတ်တုတ်မှိတ်တုတ်နဲ့. ယဲ့ကျီကျင်းနဲ့ ရွှမ်ယွမ်ချင်းက အခန်းအလယ်က ကျောက်သားစားပွဲဘေးမှာထိုင်နေကြသည်။ သူတို့နှစ်ယောက်လုံးက အမဲရောင်ဝတ်စုံကို ဝတ်ထားကြပြီး သူတို့ရဲ့အမူအရာကတော့ သိပ်ပြီးတော့ကြည့်ကောင်းမနေဘူး။

"ကျွီ....."

တစ်ယောက်ယောက်က အခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီး ချိန်းကြိုး ကြမ်းပြင်ပေါ်ကို ပြုတ်ကျသံက အခန်းထဲပဲ့တင်သွားသည်။ နှစ်ယောက်က မရည်ရွယ်ပဲ တံခါးဆီပြိုင်တူကြည့်လိုက်မိတော့ အနီတောက်တောက်အရောင်ကို သူတို့ပထမဆုံးတွေ့လိုက်ရသည်။

မျက်စိကျိန်းလောက်သည့် မူးဝေလောက်သည့် အနီရောင်.....

စုဝမ်က အနီရင့်ရင့်နန်းတွင်းဝတ်စုံကို ဝတ်ထားပြီး စုယွီအားကိုးနဲ့ အခန်းထဲ သက်တောင့်သက်သာ လှမ်းဝင်လာသည်။

ရွှမ်ယွမ်ချင်းက မျက်မှောင်ကျုတ်လိုက်ပြီး....

"ရှောင်ဝမ်??"

ရွှမ်ယွမ်ချင်းရဲ့ ကြမ်းတမ်းအက်ရှတဲ့ အသံကိုကြားလိုက်တော့ စုဝမ်မျက်ခုံးပင့်လိုက်ပြီး လွှမ်းမိုးတဲ့အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ အရင်ဇာတ်လိုက်ဟောင်းကို ကြည့်လိုက်သည်။

ဒီလောက်တိုက်ခိုက်မှုတွေ ကြုံထားပြီး အသက်အန္တရာယ်ကနေ သီသီလေးလွတ်လာတာတောင်မှ ရွှမ်ယွမ်ချင်းက တည်ငြိမ်နေပြီး သူ့အတွက် ဘာအနှောင့်အယှက်မှမဖြစ်သွားသလိုပဲ။ ဒါပေမယ့်လည်း သူ့ရဲ့ပင်ပန်းပြီး ညှိုးငယ်နေတဲ့မျက်နှာကတော့ သူ့ယခုတည်ငြိမ်မှုကို သစ္စာဖောက်နေသလို

"ဝမ်းကွဲအကိုငါး...."

စုဝမ်က ရွှမ်ယွမ်ချင်းကို ခေါင်းငြိမ့်ပြလိုက်ပြီး ယဲ့ကျီကျင်းကိုကြည့်လိုက်သည်။ အဲ့မိန်းမရဲ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး ပျော်ရွှင်မှုကို မဖုံးကွယ်လိုက်နိုင်ပေ။

စုဝမ် စစ်သူကြီးအိမ်တော်ရဲ့ အကြီးဆုံးသမီး၊ ရွှမ်ယွမ်ရုရဲ့ ဝမ်ဖေး.....

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now