အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.8 [U]

772 110 1
                                    

"ဥက္ကဌစု.... ဒါက လက်ထောက်ချန်ရဲ့ထွက်စာပါ"

စုဝမ် ကုမ္မဏီဝင်ပေါက်ကနေ ဝင်ဝင်ချင်းမှာပဲ အောက်ထပ်ဧည့်ကြိုကောင်တာမှ ဝန်ထမ်းလေးက ထွက်စာကို စုဝမ်ဆီ တရိုတသေကမ်းပေးလာသည်။ စုဝမ်က ချန်ဝေရဲ့သပ်ရပ်လှပတဲ့လက်ရေးတွေကို ကြည့်နေခဲ့ပြီး သူမလက်ကတော့ မလှုပ်ရှားသွားခဲ့ဘူး။ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းလေးတွေက ကျဉ်းမြောင်းသွားပြီးနောက် "ချန်ဝေကိုပြောလိုက်... အလုပ်ကို ချက်ချင်းလာရင်လာ မဟုတ်လို့ ထွက်စာတင်မယ်ဆိုရင်လည်း ငါ့ဆီကိုယ်တိုင်လာပေးလို့!! အချိန်က တစ်နာရီခွဲပဲရမယ်!"

ဒီလိုထွက်စာတောင်တင်ရဲတဲ့သတ္တိကို သူ့ကို ဘယ်သူကများပေးလိုက်တာလဲ?? မနေ့ညကပြဿနာတောင် အခုထိမရှင်းရသေးဘူးလေ။

စုဝမ်က အထက်လူကြီးတွေအတွက်စီစဉ်ထားတဲ့ ဓာတ်လှေကားထဲ ဝင်သွားတာတွေ့တော့ ဧည့်ကြိုကောင်တာက မိန်းမပျိုလေးက ချက်ချင်းပဲဖုန်းကောက်ကိုင်ပြီး ချန်ဝေ့ဖုန်းကို ခေါ်လိုက်သည် "ချန်ကော... ကျွန်မ တကယ်အကောင်းဆုံးလုပ်ခဲ့ပေမယ့်... ဥက္ကဠစုက အရမ်းတင်းကြပ်...."

တစ်နာရီခွဲကြာပြီးနောက် ချွေးတွေရွှဲနစ်နေတဲ့ချန်ဝေတစ်ယောက် စုဝမ်ရုံးခန်းမှာပေါ်လာသည်။

"ဥ... ဥက္ကဠ"

ချန်ဝေက သူ့နဖူးပေါ်က ချွေးတွေကိုသုတ်လိုက်ပြီး ဘော့စ်ထိုင်ခုံမှာထိုင်နေတဲ့ စုဝမ်ကို သတိကြီးစွာကြည့်လိုက်သည်။

"၁မိနစ်နဲ့ ၂၇စက္ကန့် နောက်ကျတယ်"

စုဝမ်က မျက်လုံးတွေကိုပင့်လိုက်ပြီး သူမရဲ့အမူအယာကင်းမဲ့တဲ့မျက်နှာက ဝက်မျက်နှာလိုဖြစ်နေတဲ့ ချန်ဝေ့ကိုမြင်လိုက်တော့ စက္ကန့်ပိုင်းလောက် တွေဝေသွားပြီးတော့မှ မျက်ခုံးပင့်ကာ "မင်းအလုပ်ကိုမလာချင်ရတဲ့အကြောင်းရင်းက ဒီဟာကြောင့်လား?"

"အာ..."

ချန်ဝေက ဝက်ခေါင်းပုံဖြစ်လောက်တဲ့အထိ ရိုက်နှက်ခံထားရပြီး အခုကျပြန်တော့ ရှုပ်ထွေးပြီး အကျပ်အတည်းဖြစ်နေတဲ့အမူအယာပြလာသည်။ သူ့ပုံက ကြည့်ချင်စရာတောင်မရှိဘူး။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now