Arc - 1.4 [U]

1.6K 212 5
                                    

ယွီဝမ်အိမ်‌တော်ကတော့ ပျော်ရွှင်ဖွယ်ရာအချိန်အခါအတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ အိမ်တော်တစ်ခုလုံးကို တောက်ပတဲ့အနီရောင်တွေနဲ့ပြင်ဆင်ထားသည်မှာ သူတို့ပျော်ရွှင်နေတာကို တစ်ခြားသူတွေမသိမှာ စိုးရိမ်နေသလားလို့တောင်ထင်ရသည်။

အိမ်တော်ရဲ့နံရံအမြင့်ကြီးတွေကတော့ သတို့သမီးအသစ်လေးရဲ့ရယ်မောသံကိုသာ ကြားနေပြီး ဇနီးဟောင်းရဲ့ငိုကြွေးသံကိုတော့ လျစ်လျူရှုထားကြသည်။

သာမန်လူတွေကတော့ ယွီဝမ်ဖူမှာ ဇနီးအသစ်ရှိလာတာနဲ့ပတ်သက်ပြီး ဘာအတွေးမှမရှိကြပေ။

ယွီဝမ်ဖေးလို့ပြောလိုက်တာလား?? အဲ့တာက ဘယ်သူကြီးလဲ?? ဒီလိုအမြင့်မှာရှိတဲ့ပုဂ္ဂိုလ်ကို သူတို့လိုသာမန်လူတွေက ဘယ်လိုလုပ်ပြီးတော့များမှတ်မိမှာလဲ??

ဒါပေါ့ မြို့တော်ရဲ့လမ်းမကလည်း အရင်ကအတိုင်းပဲ အသက်ဝင်လှုပ်ရှားနေဆဲပဲ။ နောက်ပိုင်း ယွီဝမ်ရဲ့နှစ်သက်မှုကိုခံရတဲ့သူက မမျှော်လင့်ပဲ အဲ့ဖျားနာနေတဲ့မင်းသမီးငယ်လေးမဟုတ်ပဲ ယဲ့အိမ်တော်ရဲ့သမီးကြီးကိုပြောင်းသွားပြီး နောက်ဆုံးတော့ဝမ်ဖေးနေရာရတော့မယ်ဆိုတာကို ရာထူးမြင့်တဲ့အရာရှိတွေနဲ့ ဧကရာဇ်နဲ့နီးစပ်တဲ့သူတွေသာ သိကြသည်။

သာမန်နေ့တွေဆို ဒါက ဧကရာဇ်ကိုစိတ်ဆိုးစေမှာဆိုပေမယ့်လည်း ဒီတစ်ခေါက်ကတော့ မတူတော့ပေ။ ယဲ့အိမ်တော်က လတ်တလောလေးတင် မင်းသားငါးရဲ့လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်နိုင်ထားတာ။ ဒီသတင်းက အကြီးအကျယ်ပဲပြန့်နှံ့နေပြီး သေတော့မလိုဖြစ်နေတဲ့ နေမကောင်းတဲ့မင်းသမီးငယ်လေးရဲ့သတင်းကို ဖုံးကွယ်သွားသည်။

မင်းသမီးငယ်လေးစုဝမ်က တော်ဝင်သွေးဖြစ်တယ်ဆိုပေမယ့်လည်း စစ်သူကြီးဖုရဲ့နှစ်သက်ခြင်းမခံရတာ တော်ဝင်ညီလာခံကလူတွေအကုန်လုံးအသိပဲဖြစ်သည်။ သူမ ယွီဝမ်ဖူကိုလက်ထပ်ပြီးရောက်သွားကထဲက စုအိမ်တော်နဲ့ အဆက်အသွယ်ပြတ်သွားတာဖြစ်သည်။

ဖခင်ရော၊ ယောက္ခမတော်ဆီကပါ နှစ်သက်ခြင်းမခံရတဲ့ မင်းသမီးလေးရဲ့ ပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေသာမက သူမရဲ့ရှင်ခြင်း၊သေခြင်းကိုပါ ဘယ်သူက ဂရုစိုက်မှာတဲ့လဲ??

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now