Arc - 2.8 [U]

946 148 2
                                    

"မင်းတို့ လူငယ်တွေက တစ်ကယ်ကံကောင်းတာပဲ"

အသက်လေးဆယ်လောက်ရှိမယ့် နာ့စ်ခေါင်းဆောင်က စုဝမ်ကို ပတ်တီးလဲပေးရင်း တိုးတိုးလေးပြောနေသည် "အဲ့တောင်လမ်းတွေက မကြာခဏပြိုကျလေ့ရှိတယ်.... မင်းတို့ကံဆိုးတဲ့နေ့တုန်းကလည်း တစ်ခြားတစ်ဘက်မှာ မြေပြိုမှုဖြစ်သွားသေးတယ်လေ.... အဲ့လူတွေကတော့ ဒီလောက်ကံမကောင်းခဲ့ဘူး... ကားအနည်းငယ်က လူတွေ သေသွားကြတယ်... အဲ့မတော်တဆမှုက သတင်းစာထဲမှာတောင်ပါလာတယ်... သူတို့ပြောတာက ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံကားကြီးက တစ်စစီဖြစ်သွားတယ်ဆိုပြီးတော့လေ... တစ်ကယ်သနားဖို့ကောင်းလိုက်တာ"

တောင်ပတ်လမ်း.... မတော်တဆမှု...

စုဝမ် မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်လိုက်မိတယ်။ သူမအတွေးထဲမှာတော့ သူမ ဘတ်စ်ပေါ်မှာ ထိုင်နေချိန်ကို ပြန်ရောက်သွားသည်။ သူတို့အချိန်အကြာကြီးခရီးနှင်လာပြီးမှ မတော်တဆဖြစ်တာတစ်ခုနဲ့ သွားကြုံခဲ့သည်။ လမ်းတွေကို ပိတ်လိုက်တာမလို့ ချီမုက ကားပြန်လှည့်ကာ တစ်ခြားလမ်းတစ်ခုကနေ သွားခဲ့သည်.... ပြီးတော့...

ကားမတော်တဆဖြစ်ခဲ့တယ်ဆိုပြီး ဖြစ်သွားတယ်။

ဒါကြောင့်ပဲ သူမခေါင်းက ထိခိုက်ခဲ့ပြီး သူမမှတ်ဉာဏ်ကလည်း ရောထွေးနေတာလို့ ဆိုကြသည်။ တစ်ခြားသူတွေရော ဘယ်လိုနေမလဲမသိ? ယီဇီရွှမ်းရော??

"သူနာပြုချုပ်ကြီး"

စုဝမ် စဉ်းစားရင်းနဲ့ပဲ အခန်းထဲက ပြန်ထွက်တော့မယ့် သူနာပြုချုပ်ကို ခေါ်လိုက်သည် "ကျွန်မနဲ့အတူရှိခဲ့တဲ့ အတန်းဖော်တွေ.... သူတို့ရော အဆင်ပြေကြရဲ့လား?"

"အို... သူတို့လား.... သူတို့ထဲက နှစ်ယောက်ကတော့ ပွန်းပဲ့ရုံလေးပဲ....အဲ့နှစ်ယောက်ကိုတော့ ဒီမနက်ပဲ သူတို့အိမ်က လာခေါ်သွားလို့ ဆေးရုံက ဆင်းသွားကြပြီ.....မင်းနဲ့ တစ်ခြားလေးယောက်ကတော့ ရတဲ့ဒဏ်ရာအခြေအနေက အတူတူလောက်ပဲ.... မင်းတို့တွေကတော့ ဆေးရုံမှာ ဆေးစစ်ဖို့ဆက်နေရဦးမယ်... ကျန်တဲ့နှစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့လို့ အခု ICU ထဲမှာ coma ဝင်တဲ့အခြေအနေဖြစ်နေတယ်... ဒါပေမယ့်လည်း ဒီညဆက်ကြည့်ပြီးရင်တော့ အသက်အန္တရာယ်မရှိလောက်တော့ပါဘူး"

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now