အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.2 [U]

824 122 2
                                    

ရှီအန်းမြို့၊ ဂျူလိုင်လ၊ မိုးရွာသောနေ့

လော့ချူးချူး ကိတ်ကိုသယ်ရင်း mall ထဲကထွက်လာတော့ အပြင်မှာမိုးတောင်ရွာနေပြီ။ မြေပြင်ပေါ်မှာလည်း နေရာတော်တော်များများမှာ ရေအိုင်ငယ်လေးတွေဖြစ်နေပြီ။

"ဘယ်လိုတောင် ကံဆိုးနေတာလဲ!!"

သူမစိတ်တိုတိုနဲ့ သူမမျက်နှာကို ပွတ်လိုက်ပြီး သူမလက်ထဲက ကိတ်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ ဒီနေ့က ရှောင်းကျန်းမိုမွေးနေ့ပဲ။ ဒီကိတ်ကို mall ရဲ့လေးလွှာမှာရှိတဲ့ DIY ကိတ်ဆိုင်မှာ သူမကိုယ်တိုင်လုပ်လာခဲ့တာ။

ရှောင်းကျန်းမိုအလုပ်ဆင်းခါနီးအချိန်ကို ရောက်တော့မှာတွေ့တော့ သူမ ကုန်တိုက်ရဲ့ဝင်ပေါက်မှာ တွန့်ဆုတ်စွာရပ်နေမိသည်။

အတွေးတွေများနေခဲ့တဲ့ သူမကိုယ်သူမပဲ အပြစ်တင်ရမယ်။ အခုရက်ပိုင်း မိုးရွာလေ့ရှိတာကို သူမသတိထားမိပေမယ့် ထီးယူဖို့မေ့နေခဲ့တယ်။ ကုန်တိုက်ထဲပြန်ဝင်ပြီး ထီးဝယ်ဖို့တွေးလိုက်မိပြီးနောက် သူမ အထဲကိုပြန်ဝင်ဖို့လုပ်လိုက်ပေမယ့် အဲ့နေရာမှာပဲ ဆွံအစွာရပ်နေမိတယ်။

သူမဘက်ကို မိန်းမလှလေးတစ်ယောက်က လျှောက်လာနေသည်။ သူမက အနီရောင်ဂါဝန်တိုလေးကို ဝတ်ထားပြီး အပေါ်မှာလည်း ကုတ်တစ်ထည်ခြုံထားလိုက်သေးသည်။ တောက်ပနေတဲ့ ကိုယ်ကျပ်ဝတ်စုံလေးက သူမရဲ့ဆံပင် အခွေအလိပ်ကြီးတွေနဲ့လိုက်ဖက်နေပြီး သူမကို ပို၍ sexyကျကျနဲ့၊ ဆွဲဆောင်ရှိစေ၏။

ဒါပေါ့ ဒါတွေက သူမကို ငေးကြည့်နေခဲ့ရတဲ့အကြောင်းရင်းမဟုတ်ပဲ အဓိကကတော့‌ လော့ချူးချူးရဲ့အာရုံကို ဖမ်းစားသွားတာက သူမရဲ့အသွင်အပြင်....

သူမမှာ ကောင်းမွန်လှတဲ့ မက်မွန်ပွင့်လိုမျက်လုံးတစ်စုံရှိပြီး၊ အဲ့လှပတဲ့မျက်လုံးတွေက ကြည့်လာအောင် ဆွဲဆောင်နေပေမယ့် ပျင်းရိငြီးငွေ့နေတဲ့ အရိပ်အယောင်တစ်ချို့လည်းရှိနေသေးသည်။

လော့ချူးချူးက အဲ့မျက်လုံးမျိုးနဲ့ ရင်းနှီးနေရခြင်းမှာ သူမမှာလည်း အဲ့လိုမျက်လုံးတစ်စုံရှိနေပြီး သူမရှေ့ကမိန်းမနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သူမ အဲ့မိန်းမကို လုံးဝမယှဉ်နိုင်ဘူးပဲ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now