9. Sunshine After The Dark

387 67 5
                                    

[Unicode]

စာသင်ခန်းဆီ သွားရမယ့် ကိုယ့်ရဲ့ ခြေလှမ်းတွေက လွတ်နေတဲ့စိတ်ရဲ့ စေခိုင်းရာကို သွားရင်း ဦးတည်ချက်မဲ့ကုန်သည်

တစ်စုံတစ်ယောက်ကို သဘောကျရတာက တကယ်တမ်းဆို ရင်ခုန်စရာအပြည့်နဲ့ ကြည်နူးစရာကောင်းနေရမှာ

အခုတော့ စိတ်ချောက်ချားမှုအပြည့်နဲ့
အရမ်းကိုhorrorတွေ ဆန်နေသည်

နှလုံးသားဆိုတာ

စိတ်စေရာအတိုင်း မရွေ့လျားတဲ့

ခိုင်းတဲ့အတိုင်း မလှုပ်ရှားတဲ့

ထိန်းချုပ်မှုကင်းမဲ့နေတဲ့

စက်ရုပ်တစ်ရုပ်မှန်း ကိုယ် အခုမှ ကောင်းကောင်းကြီး နားလည်သွားရတော့သည်

လေးလံနေတဲ့ စိတ်အစုံနဲ့အတူ စာသင်ခန်းထဲ စိတ်ပျက်လက်ပျက် ဝင်ဖို့ အလုပ်

အခန်းထဲက ကျောင်းသားကျောင်းသူတွေကို တစ်ကောင်မှ မမြင်ဖူးတာကြောင့် တံခါးဝမှာ ကြောင်အအနဲ့ ရပ်နေမိသည်

ကိုယ် အခန်းမှားရောက်လာတာလား

တစ်ခန်းလုံးကို ဝေ့ဝိုက်ကြည့်နေရင်း တစ်နေရာရောက်တော့ ကိုယ့်မျက်လုံးတွေ
ငြိမ်သက်သွားရသည်

အပြာနုရောင် ရှပ်အင်္ကျီဟာ ဖြူဥနေတဲ့ သူ့အသားအရည်နဲ့ သိပ်လိုက်ဖက်လွန်းနေတာကြောင့်

ပြတင်းပေါက်က ဖြာကျနေတဲ့ နေရောင်အောက်မှာ သူ့ဆံပင်အရောင်လေးတွေ လက်ခနဲ တောက်ပနေတာကြောင့်

ပြီးတော့ စားပွဲပေါ် စာအုပ်ကြီးဖွင့်ပြီး အပီအပြင် ထိုင်ငိုက်နေတဲ့ သူ့ပုံစံလေးက အရမ်းကို အသည်းယားစရာကောင်းနေတာကြောင့်

စိတ်ဝင်စားစရာ ဖျော်ဖြေမှုတစ်ခုကို ရှုစားနေသည့်အလား ကိုယ် မလှုပ်မယှက် ရပ်ကြည့်နေမိသည်

"ချစ်စရာလေး"

"ဘယ်သူလဲ"

"ဂင်ထယ်ယောင်း"

"ဟေ့ကောင် ဂင်ထယ်ယောင်း...မင်းကို ဒီမှာ ချစ်စရာလေးတဲ့"

နှလုံးက ဒိန်းခနဲ ဆောင့်တက်သွားပြီး အနောက်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့ စပ်ဖြီးဖြီးနဲ့ အူမြူးနေပုံရတဲ့
ဂင်ထယ်ယောင်းသူငယ်ချင်း

A Flower He HatesWhere stories live. Discover now