1. Encounter

1.4K 101 3
                                    

〘Unicode〙

ဧပရယ်လရဲ့ အေးစိမ့်စိမ့်လေညင်း

နွေဦးရဲ့ မှုန်ဖျဖျနေရောင်

တက္ကသိုလ်ရဲ့ ကြည်နူးနူးအငွေ့အသက်

ကျောင်းဖွင့်စရာသီမို့လို့လားမသိ
ကျောင်းဝင်းထဲက ကျောင်းသားထုမှာ
အပြုံးကိုယ်စီနဲ့ တက်ကြွလျက်

"လိုက်ခဲ့ပါ ဂျူဒါကလည်း....ခရီးဆိုတာ သူငယ်ချင်းတွေ စုံစုံလင်လင်ပါမှ ပျော်ဖို့ကောင်းတာ"

လက်မောင်းတစ်ဖက်ကို အသားကုန်ချိတ်ဆွဲပြီး အသံဆာဆာနဲ့ ဂျီတိုက်နေသော ဆူဘင်အား အားနာစွာ ပြုံးရင်း ခေါင်းခါပြလိုက်သည်

"တနင်္ဂနွေနေ့က ငါတို့ရည်းစားသက်တမ်း
3နှစ်ပြည့်တဲ့နေ့မို့လို့ပါ....ငါ့ကောင်လေးက
မနှစ်ကလို surpriseအကြီးကြီး ပြင်ပေးမှာ
ဆိုတော့ ဘယ်လိုလုပ် သူ့ကိုထားပြီး နင်တို့နဲ့
လိုက်ရက်မှာလဲ"

"ဟွန်း...RSတွေ အမြင်ကိုကတ်တယ်"

ဆူဘင်က ပူးပူးကပ်ကပ်ချိတ်ထားတဲ့ ကိုယ့်လက်မောင်းကို ဆတ်ခနဲဖြုတ်ချပြီး နှုတ်ခမ်းကြီး စူပုပ်နေရှာသည်

"ဂျီမင်းက ငါ့ကိုအရမ်းချစ်တာ နင်လည်း
သိရဲ့သားနဲ့....မနှစ်ကဆိုရင် ပန်းခြံတစ်ခုလုံး
ငှားပြီး မီးတွေနဲ့အပြည့် အလှဆင်ပြီးတော့ကို
ငါ့အတွက်...."

"ဟဲ့ ဟဲ့...ဟိုမှာ All Kingကြီး"

ကိုယ့်ကောင်လေး ဘယ်လောက်ကောင်းကြောင်း
ဥပမာနှင့်တကွ စိတ်ပါလက်ပါ ရှင်းပြနေသည်ကို
နားမထောင်ဘဲ ဆူဘင်က ဟိုးအဝေးကို လက်ညှိုးကြီးတထိုးထိုးနှင့် ကိုယ့်ပုခုံးကို
တပုတ်ပုတ်လုပ်ကာ အသည်းအသန် ထအော်သည်

သူမ ညွှန်ပြရာအရပ်သို့ ဘာရယ်မဟုတ်
လိုက်ကြည့်မိလိုက်သည်...ဆူဘင်ကို ယခုလို
ခုန်ဆွခုန်ဆွနှင့် ဣန္ဒြေမဆည်နိုင်အောင် လုပ်လိုက်သူအား သိချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်

ပန်းနုရောင်ချယ်ရီပင်များနှင့်
လှပနေသည့် လျှောက်လမ်းက
ပန်းချီကားဆန်ဆန် တောက်ပနေသလိုလို

ထိုလျှောက်လမ်းထက်မှာ
အပြုံးအရယ်မရှိ လှမ်းလျှောက်လာသည့်
ပုံရိပ်တစ်ခုက အိပ်မက်ဆန်ဆန် လင်းလက်နေသလိုလို

A Flower He HatesWhere stories live. Discover now