7. Unknown ID

406 63 3
                                    

[Unicode]

အဆက်မပြတ် သည်းထန်စွာ ရွာနေတဲ့ မိုးနဲ့အပြိုင် မျက်ရည်တွေက ပြင်းထန်စွာ ကျဆင်းလာသည်

ကိုယ် ဘာလို့ ငိုနေမိတာလဲ

ဂင်ထယ်ယောင်းဆိုတဲ့ ကောင်ဆီက
ကိုယ် ဘာတွေ မျှော်လင့်နေမိတာလဲ

သူ့ဆီက ဒီလိုတွေ အပြောခံနေရတာ တစ်ခါနှစ်ခါမှ မဟုတ်တာ...ဘာတွေ ဝမ်းနည်းနေရတာလဲ

သူက နဂိုတည်းက နှလုံးသားမရှိတဲ့ ကျက်သတုံးကောင်ပဲဟာ...ကိုယ် ဘာတွေ လိုက်ခံစားနေတာလဲ

ငိုစရာမှ မဟုတ်တာ

မိုးရေတွေကြောင့်လား မျက်ရည်တွေကြောင့်လားမသိပေမယ့် လမ်းသာလျှောက်နေတာ အရှေ့ကို သဲသဲကွဲကွဲမမြင်ရတော့

မှောင်ရီပျိုးစအချိန် အိမ်ပြန်လမ်းက လူသူကင်းမဲ့စွာ ငြိမ်သက်လျက်

မိုးနဲ့အတူ တိုက်ခတ်လာတဲ့ လေပြင်းက စာနာမှုကင်းမဲ့စွာ အေးစိမ့်လျက်

လျှပ်စီးရဲ့ ဦးဆောင်မှုနဲ့ မြည်ဟည်းနေတဲ့ မိုးခြိမ်းသံက အပူအပင်ကင်းမဲ့စွာ ကျယ်လောင်လျက်

တရှုံရှုံငိုနေရာကနေ ပတ်ဝန်းကျင်ကို သတိထားမိမှ အမှောင်ထဲမှာ ကိုယ်တစ်ယောက်တည်း

ဆောင်းထားတဲ့ ထီးက မလုံတော့သလိုလို

ဖွင့်ထားတဲ့ လမ်းမီးတွေက မလင်းတော့သလိုလို

နှစ်လမ်းကျော်က အိမ်က မရောက်နိုင်တော့သလိုလို

ထိုအချိန်

'တောင်'

ရုတ်တရပ် ထမြည်လာတဲ့ ဖုန်းnotiသံကြောင့် လူက တုံ့ခနဲ အေးခဲသွားမိသည်

X : ညဘက်တစ်ယောက်တည်း ပြန်တာ အန္တရာယ်များတယ်နော်

ဖုန်းစခရင်မ်ပေါ်က Chat Boxကို ကြည့်ရင်း ကိုယ် အတုန်တုန်အရီရီ ဖြစ်လာသည်

ဘေးဘယ်ညာကို ဝေ့ဝဲကြည့်ကြည့်ရာ တစ်ယောက်မှ ရှိမနေသော်လည်း တစ်နေရာရာကနေ တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ကျောတွေချမ်းလာသည်

'တောင်'

X : မင်းအိမ်နားက လမ်းတွေက သိပ်မှောင်တာပဲ

A Flower He HatesМесто, где живут истории. Откройте их для себя