18. Behind the mask

339 60 11
                                    

[Unicode]

"ပျော်နေလား...နင်တို့မနာလိုတိုင်း ဂျူဒါ့ကိုပါးစပ်နဲ့ လိုက်ဖျက်ဆီးနေရတာ တော်တော် ပျော်စရာကောင်းလား"

အော်ကြီးဟစ်ကျယ် ထွက်ပေါ်လာတဲ့
အသံတစ်ခု

ယူအာတို့ကို စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်နဲ့ ပစ်ပေါက်ရင်း စာကြည့်တိုက်ထဲက ရှိသမျှကျောင်းသားကျောင်းသူတွေရဲ့ အာရုံကို ဖမ်းစားလိုက်တဲ့ ဂန်ဆူဘင်

"ဟဲ့...နင် ရူးနေလား"

ခေါင်းကိုတစ်ချက် မျက်နှာကိုတစ်ချက်
စာအုပ်နဲ့ ပစ်ပေါက်ခံလိုက်ရတာကြောင့်
ယူအာ တော်တော်ဒေါပွသွားပုံရသည်

မိစ္ဆာတစ်ကောင်လို ပြေးကာ ဆူဘင့်ရဲ့
ဂုတ်ကွဲဆံပင်လေးကို လက်နှစ်ဖက်နဲ့
ဆောင့်ဆွဲပစ်လေသည်

ကိုယ်ထက်ငယ်တဲ့ ဂျူနီယာရဲ့ အလစ်တိုက်ခြင်းခံလိုက်ရတာကြောင့် ဆူဘင်မှာလည်း ဒေါသတကြီးနဲ့ ပြန်လုံးတော့သည်

တစ်ယောက်ဆံပင်တစ်ယောက်ဆွဲရင်း စာအုပ်စင်တွေကို ဝင်တိုက်ကာ ပွဲကြမ်းကြတော့သည်...စာအုပ်တွေတစ်အုပ်ပြီး တစ်အုပ် ပြုတ်ကျကာ ခုနက လုံးဝတိတ်ဆိတ်နေခဲ့တဲ့ စာကြည့်တိုက်က ခဏတွင်းချင်း ကမ္ဘာပျက်သွားတော့သည်

ကိုယ် ကဗျာကယာနဲ့ ဆောယူအာကို သွားဆွဲဖယ်တော့ သူမသူငယ်ချင်းက ကိုယ့်ကိုဆောင့်ဆွဲကာ တွန်းချပစ်သည်

"ဟဲ့...သေချင်လို့ အကြီးတွေကို ပြန်ခံချနေရတာလား...နင်တို့2ယောက်လုံး ဒီနေ့ ငါ့လက်နဲ့ သေပြီသာမှတ်တော့...#"'*-&%÷$"

ဆူဘင်ရဲ့ အော်ဆဲသံက ကျယ်လောင်စွာ တရစပ်ထွက်ပေါ်လာသည်

ဆူဘင်နဲ့ယူအာနဲ့က တစ်ပွဲ
ကိုယ်နဲ့ ယူအာ့သူငယ်ချင်းနဲ့က တစ်ပွဲ
အပြန်အလှန် သတ်ပုတ်ရင်း ပွဲစည်သွားတော့သည်...ဗီဒီယိုဝိုင်းရိုက်ခံနေရတာတောင် မရှက်နိုင်တော့တဲ့အထိ ကိုယ်အပီအပြင် ပြန်ချနေမိတော့သည်

မူလတန်းကလေးလည်းမဟုတ်ဘဲနဲ့ ကိုယ့်လို အရှက်အကြောက်ကြီးတဲ့သူက ဒီလို ပွဲကြမ်းနေမိခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ဆံပင်ဂုတ်ကွဲ အသံဆာဆာနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကြောင့်ပင်

A Flower He HatesWhere stories live. Discover now