17. My Beautiful Friendship

342 57 24
                                    

[Unicode]

အမှောင်ထု

အရပ်လေးမျက်နှာအပြည့် ဖုံးလွှမ်းထားတဲ့
အမှောင်ထုအောက်မှာ ကိုယ် အသည်းအသန်ပြေးလွှားနေတယ်

ဘယ်လောက်ပဲပြေးပြေး အလင်းတန်းက ပေါ်မလာဘူး...အမှောင်ကပဲ နက်သထက် နက်လာတယ်

အနောက်မှာ တစ်စုံတစ်ယောက်က မိစ္ဆာတစ်ကောင်လို ပြေးလိုက်နေတယ်

အဲ့ဒီလူမှာ မျက်နှာမရှိဘူး

အမှောင်အောက်မှာ လက်နေတဲ့ ဓားချွန်ချွန်က မကြာခင် ကိုယ့်ဆီ တစ်ဟုန်ထိုး ပြေးစိုက်တော့မလိုမျိုး

သေခြင်းတရားဆီက ထွက်ပြေးနေပေမယ့်
သေမင်းဆီ ဦးတည်ပြေးနေရသလိုမျိုး

အဆုံးမရှိတဲ့ အမှောင်လမ်းက
သိပ်ကြောက်စရာကောင်းလွန်းတယ်

ထိုအချိန် ကိုယ့်လက်တစ်ဖက်ဆီ ရောက်ရှိလာတဲ့ ဝိုးတဝါး နွေးထွေးမှု

အဲ့ဒီနွေးထွေးမှုကြောင့် အမှောင်ထုထဲကနေ
ကိုယ် နိုးထလာရတယ်

"စီနီယာ...တောင်းပန်ပါတယ်"

မျက်နှာထက်မှာ ဒဏ်ရာတွေအပြည့်
မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်နဲ့
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကောင်လေး

သူ့ကို မြင်လိုက်ရတယ်ဆိုရင်ပဲ
ကိုယ့်အကြောက်တရားတွေ ရေငွေ့လို ပျောက်ကွယ်သွားတော့တယ်

သူသာ ရှိနေရင်
ကိုယ်ဘာမဆို ရင်ဆိုင်ရဲပါတယ်

ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းစွာ ငိုနေတဲ့ကောင်လေးကို ကိုယ်ပွေ့ဖက်လိုက်မိတယ်

"ငါ အဆင်ပြေတာမို့လို့ မငိုပါနဲ့"

မငိုပါနဲ့ ပြောမှ ပိုမိုကျယ်လောင်စွာ
ထပ်ငိုချတယ်...ဒီကလေးက ရုပ်ကသာ
မာနေတာ စိတ်ကတော့ ပျော့သလားမမေးနဲ့

သတိလစ်သွားလို့ ဆေးရုံပေါ်ရောက်လာပေ
မယ့် ကိုယ်ကြီးကြီးမားမား ဘာဒဏ်ရာမှ ရသွားပုံမပေါ်...ဓားထိုးခံရပြီး သေပြီလို့ ထင်ထားခဲ့ပေမယ့် ကိုယ့်ဆီမှာ ကျောဘက်က မသိမသာ ခြစ်ရာကလွဲလို့ ဘာဒဏ်ရာမှ ရှိနေပုံမပေါ်

A Flower He HatesWhere stories live. Discover now