20. The one who loves more

353 57 8
                                    

[Unicode]

ညနေ6နာရီကျော်ပြီ ဖြစ်တာကြောင့်
ကျောင်းဝင်းကြီးက လူခြေတိတ်နေသည်

ဆရာ ဆရာမတွေ အလုပ်ဆင်းသွားပြီဖြစ်သလို ကျောင်းသားကျောင်းသူတွေလည်း ပြန်ကုန်ကြပြီဖြစ်သည်

အဆက်မပြတ် တိုက်ခတ်နေတဲ့
လေပြင်းတွေရယ်

လေဝှေ့ရာ ဝဲပျံနေကြရတဲ့
သစ်ရွက်ခြောက်တွေရယ်ကလွဲပြီး
ဘာဆိုဘာမှ ရှိမနေဘူး

အဲ့ဒါကြောင့် ကျောင်းဆောင်တွေနဲ့ ဝေးတဲ့
အနောက်ဘက်က ဂိုဒေါင်ဟောင်းကြီးမှာ
ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကိုလည်း
ဘယ်သူမှ မသိလိုက်ဘူး

သွေးတွေ စိုနေတဲ့ လက်နှစ်ဖက်ကို အင်္ကျီနဲ့
ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပေမယ့် အင်္ကျီမှာလည်း သွေးတွေ ရစရာမရှိအောင် ပေကျံနေတာမို့ အရာမယွင်းသွား

ခုနက အသည်းအသန်တွေ ခုခံနေတဲ့
သတ္တဝါ3ကောင်ဟာ အခု လုံးဝငြိမ်ကျသွားရှာပြီ

ဓားချက်ပေါင်းများစွာ စိုက်ထိုးခံရပြီး
သွေးအိုင်ထဲမှာ ရုတ်ပျက်ဆင်းပျက် လဲကျနေတဲ့ ကျောင်းသား3ယောက်ကို သူ
အသက်မပါစွာ စိုက်ကြည့်နေမိသည်

သွေးစိုနေတဲ့ လက်နဲ့ ဆေးလိပ်မီးကိုညှိနေတုန်း အတုန်တုန်အယင်ယင်နဲ့ လှုပ်လာတဲ့
ဂျွန်ဟိုဆိုတဲ့ ကျောင်းသား

"တောင်း....ပန်...ပါ....တယ်...မ...သတ်...ပါ...နဲ့"

ပါးစပ်ထဲမှာ သွေးအလိမ်းလိမ်းနဲ့ အသက်လုပြီး အသနားခံနေတဲ့ အဲ့ဒီကျောင်းသားရဲ့ ခေါင်းပေါ်ကို ဓာတ်ဆီနဲ့ လောင်းချလိုက်သည်

ခုနက မီးညှိထားတဲ့ ဆေးလိပ်ကိုရော မီးခြစ်ကိုပါ အောက်သို့ ပစ်ချလိုက်သည်

ဟုန်းခနဲ တောက်လောင်သွားတဲ့ မီးတောက်တွေက ကျောင်းသားကို ခေါင်းကနေ ဝါးမြိုသွားတော့သည်

ဂိုဒေါင်ကြီး တစ်ခုလုံး မီးလောင်ပြာကျသွားတဲ့အထိ သူ အပြင်ကနေ အေးအေးဆေးဆေး ရပ်ကြည့်လို့နေသည်

စိတ်သက်သာရာရသွားသလိုမျိုး
သူ့မျက်နှာက တဖြည်းဖြည်း ပြုံးရိပ်သန်းလာသည်

A Flower He HatesWhere stories live. Discover now