21. She would never know (Final)

549 63 14
                                    

[Unicode]

ကျောင်းသားကျောင်းသူတွေရဲ့ ဆူညံနေတဲ့ စကားသံတွေကြောင့် ထိုင်နေတာ 15မိနစ်တောင် မပြည့်သေး အာရုံတွေနောက်လာသည်

"ထယ်ယောင်း...အမကို ဖုန်းနံပါတ်လေး
ပေးဖို့ စိတ်ကူးမရှိဘူးလား"

"..."

ဒီကြားထဲ ရှေ့တည့်တည့်လာထိုင်ပြီး စကားတွေ လာပြောနေတဲ့ ဘယ်မေဂျာကမှန်းမသိတဲ့ အင်္ကျီအဖြူနဲ့စီနီယာအမကြောင့် စိတ်တွေရှုပ်လာရသည်

ဂျောင်ဂျုံးဂု အတင်းဆွဲခေါ်လာလို့သာ ရောက်လာခဲ့ရပေမယ့် ဒီလိုပွဲမျိုးဟာ ကျွန်တော်နဲ့ နည်းနည်းလေးမှ အသားမကျ

"မေးနေတယ်လေ...ဖုန်းနံပါတ် မပေးချင်ဘူးလားလို့...ဒီဘက်ကို အာရုံစိုက်ပါဦး"

"မပေးချင်ဘူး"

ခေါ်တုန်းကတော့ ခေါ်လာပြီး တခြားဝိုင်းမှာ
အော်ကြီးဟစ်ကျယ် သွားပျော်ပါးနေတဲ့
ဂျုံးဂုကို ကြည့်ရင်း စိတ်ထဲကနေ ကြိမ်ဆဲလိုက်မိသည်

"တအားတွေ ချေတယ်နော်...ဖုန်းမခေါ်ပါဘူး...messageလေးပဲ ပို့မယ့်ဟာကို မရဘူးလား"

"ဟုတ် မရဘူး"

ဒီလောက် ငြင်းနေတာတောင် စားပွဲဝိုင်းကနေ မထတာကြောင့် ကျွန်တော်ကပဲ ထရပ်ကာ ရှောင်ထွက်ရန် ပြင်လိုက်သည်

သို့သော်

ထရုံရှိသေး သူမက ကျွန်တော့်မျက်နှာတည့်တည့်ကို ဆိုဂျူရည်တွေနဲ့ ပက်ချပစ်လိုက်သည်

"​ောက်ကျက်သရေကို မရှိဘူး...နင်က ဘာမို့လို့ ရာရာစစ စီနီယာကို မခန့်လေးစား လာလုပ်နေရတာလဲ"

အော်ကြီးဟစ်ကျယ် ထွက်သွားတဲ့ သူမအသံက တစ်ဆိုင်လုံးက ကျောင်းသားကျောင်းသူတွေရဲ့ အာရုံကို ဖမ်းစားလိုက်သည်

ပြဿနာတတ်နေတဲ့ သူငယ်ချင်းကို လာကူပေးမယ်မရှိဘူး ဂျောင်ဂျုံးဂုက အဝေးကနေပဲ တအံ့တသြလှမ်းကြည့်နေသည်

"ထင်ချင်သလိုထင်"

မိန်းကလေးနဲ့ ပြိုင်ပြီး ရန်မဖြစ်ချင်တာကြောင့် ရှည်ရှည်ဝေးဝေး ပြောမနေဘဲ လှည့်ထွက်လာခဲ့ပေမယ့် နောက်စေ့က ထမင်းသုပ်ပန်းကန်လုံးနဲ့ အပေါက်ခံလိုက်ရသည်

A Flower He HatesWhere stories live. Discover now