14. A girl named Anna

358 65 14
                                    

[Unicode]

3 years ago

သာမန်အထက်တန်းကျောင်းတစ်ခုရဲ့
သာမန်နေ့လည်ခင်းတစ်ခု

"ဟေ့ကောင် ထယ်ယောင်း...မင်းနာရီက အကောင်းစားပါလား...တော်တော် စျေးကြီးမယ့်ပုံပဲ"

အနောက်တန်းက အတန်းဖော်ဂျွန်ဟိုက ခွင့်ပြုချက်မတောင်းဘဲ သူ့နာရီကို ယူပတ်လိုက်သည်

ကျောင်းပြောင်းလာတာ မကြာသေးတဲ့ သူ့အတွက်တော့ အခုအချိန်မှာ အလိုအပ်ဆုံးက သူငယ်ချင်းဖြစ်တာကြောင့် ဘာမှအထွန့်မတက်ဘဲ ပြုံးပြလိုက်သည်

"ငါ့ကို ငှားပါလား...တစ်ရက်လောက်"

အဖေ့ဆီက မွေးနေ့လက်ဆောင်ရထားတာမို့လို့ ငြင်းလိုက်ချင်တာကြောင့် သူ တွေဝေသွားသည်

"ဘာလဲ...မပေးချင်ဘူးလား"

မာထန်လာတဲ့ ဂျွန်ဟိုရဲ့ မျက်နှာကြောင့်
သူ စိတ်ကို လျှော့ချလိုက်ရသည်

"မဟုတ်ပါဘူး...ယူပါ"

"ဒီလိုမှပေါ့"

လိုချင်တာရသွားတော့မှ မျက်နှာကြောပြန်လျှော့သွားကာ သူ့ပုခုံးကို လာဖက်လေသည်

သူ့ရဲ့ အမှားက အဲ့ဒီမှာ အစပြုခဲ့တာ

မှားယွင်းတဲ့ ခင်မင်မှု
မှားယွင်းတဲ့ ဆက်ဆံရေး
မှားယွင်းတဲ့ သူငယ်ချင်း

........

ထစ်ခနဲရှိ သူ့ဆီ ပိုက်ဆံလာချေးပြီး
ပြန်မဆပ်တတ်တဲ့ ကျောင်းသားနံပါတ်1

အိမ်စာပေးလိုက်တိုင်း ဘယ်တော့မှ လုပ်မလာဘဲ သူ့ဆီကနေပဲ ကူးချတဲ့ ကျောင်းသားနံပါတ်2

အမြဲ အထက်စီးကနေဆက်ဆံပြီး
ပြောတဲ့အတိုင်းမလုပ်ရင် ဒေါသထွက်တတ်တဲ့ ကျောင်းသားနံပါတ်3 (ဂျွန်ဟို)

အဲ့ဒီ3ယောက်အဖွဲ့နဲ့ သူ ပေါင်းမိသွားခဲ့တယ်

တစ်ယောက်တည်း နေနေရတာထက်စာရင်
အဖော်ရှိနေသေးတာက တော်သေးတယ်လို့ ဆယ်ကျော်သက်အတွေးနဲ့ ကောက်ချက်ချခဲ့မိတယ်

အကျင့်စာရိတ္တမကောင်းမှန်းသိရက်နဲ့
မျက်လုံးစုံမှိတ်ပြီး ခင်ခဲ့တဲ့ အဲ့ဒီသူငယ်ချင်း3ယောက်ကြောင့် သူ့ရဲ့ သာမန်ကျောင်းသားဘဝဟာ ကြောက်စရာအိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတယ်

A Flower He HatesWhere stories live. Discover now