11. The Killer 'X'

390 64 3
                                    

[Unicode]

မိုး

ကိုယ်က မိုးကို သိပ်သဘောကျတာ

မိုးရွာနေတဲ့အချိန် အခန်းပြတင်းပေါက်ကနေ
အပြင်ဘက် ရှုခင်းကို ငေးကြည့်ရတာမျိုး

ကော်ဖီပူပူလေးသောက်ပြီး မိုးသံကို
နားထောင်ရင်း စာဖတ်ရတာမျိုး

မိုးနဲ့အတူ ပါလာတဲ့ အေးစိမ့်စိမ့်လေညှင်းကို ခံစားရင်း ထီးဆောင်းလမ်းလျှောက်ရတာမျိုး

ကိုယ့်အတွက်တော့ မိုးဆိုတာ ကောင်းကင်ကြီးက ပေးတဲ့ လက်ဆောင်လို ဖြစ်တည်မှု

ဒါပေမယ့်

သူ့အတွက်တော့ မိုးက

​ခြောက်ခြားစရာအိပ်မက်ဆိုးတစ်ခုလို

ရုန်းထွက်မရတဲ့ ကျိန်စာတစ်ခုလို

ကြောက်စရာကောင်းလွန်းနေခဲ့ပါသည်

တိတ်ဆိတ်နေတဲ့ အခန်းငယ်အတွင်းမှာ
ဂင်ထယ်ယောင်းနဲ့ ကိုယ် နှစ်ယောက်တည်း ရှိနေသည်

ဒူးခေါင်းပေါ် ခေါင်းမှောက်ရင်း တစ်ကိုယ်လုံး တုန်ရီနေတဲ့ သူ့ကို စိတ်ပူစွာ ငေးကြည့်နေရုံမှ တစ်ပါး လုပ်ပေးနိုင်တာ ဘာမှမရှိခဲ့

ဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲ

ဘယ်လောက်တောင် နာကျင်ခဲ့ရလို့လဲ

21နှစ်သာရှိသေးတဲ့  ဒီကောင်လေးကို လောကကြီးက ဘယ်လို စိတ်ဒဏ်ရာတွေ ပေးခဲ့တာလဲ

"ငါ ဘာလုပ်ပေးရမလဲ"

"..."

တစ်ချက်တစ်ချက် ရှိုက်သံ ထွက်လာတာက လွဲပြီး သူ ကိုယ့်ကို ဘာစကားမှ ပြန်မပြော

ကိုယ့်ရဲ့ hoodieကို ချွတ်ပြီး မိုးရေတွေ စိုရွှဲနေတဲ့ သူ့ပုခုံးပေါ် လွှားတင်ပေးလိုက်မိသည်

ပုံမှန် သူ့အကျင့်နဲ့ဆို ဘာလို့လာပေးတာလဲဆိုပြီး ကောက်ပစ်လိုက်မှာ သေချာပေမယ့် အခုတော့ သူ့အပူနှင့်သူမို့ ငြိမ်ခံနေသည်

သူ့ပုံစံက မိုးကို ကြောက်လို့ ပုန်းငိုနေတဲ့ 5နှစ်သားလေးလိုပင် သနားစရာကောင်းနေတာကြောင့် ကြည့်ရတာ ဘယ်လိုမှ စိတ်မချမ်းသာ

A Flower He HatesWhere stories live. Discover now