15. First Love

379 65 8
                                    

[Unicode]

At present,

"မနက်ဖြန် မိုးရွာလို့ရှိရင် စီနီယာ ကျွန်တော့်ဆီ လာခဲ့ပေးလို့ရမလား"

"..."

"ဘာပဲပြောပြော ကျွန်တော် စီနီယာ့ကို လိုအပ်နေပြီထင်တယ်"

ပတ်ဝန်းကျင်က ရုတ်ချည်းရပ်တန့်လို့
သွားသည်

ဖြတ်သွားနေတဲ့ ကျောင်းသားတွေကိုရော

စကားပြောနေတဲ့ ကျောင်းသူတွေကိုရော

ကိုယ် ဘာဆိုဘာမှ မမြင်ရတော့

ကိုယ့်မြင်ကွင်းထဲမှာ ဂင်ထယ်ယောင်းတစ်ယောက်သာ ရှိတော့သည်

အိပ်မက်များ မက်နေတာလား

ဒါမှမဟုတ် သူ ဆေးများ မှားသောက်မိလို့လား

ပဟေဠိဆန်ဆန် စကားတွေကို ပြောပြီး အေးစက်စက်ပင် လှည့်ထွက်သွားပေမယ့် ကိုယ်ကတော့မတ်တပ်ရပ် အကြောင်သား မေ့မြောနေတုန်း

"Congradulation Wow Wow"

"..."

ဘယ်ကတည်းက အနားရောက်နေမှန်းမသိတဲ့ ဂျုံးဂု အသံပြဲနဲ့ လာအော်မှ ကိုယ် လန့်ဖြန့်ကာ အသိစိတ်ပြန်ကပ်သွားတော့သည်

"နောက်ဆုံးတော့ မာနမင်းသား ဂင်ထယ်ယောင်းရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့သူ ပေါ်သွားပြီ...Yay!"

"တိုးတိုးပြောစမ်းပါ"

တစ်ဆောင်လုံး ကြားအောင် အာဗြဲနဲ့ အော်နေတာကြောင့် ပါးစပ်ပေါက်မနည်း လိုက်ပိတ်ရသည်

"အခု ဘယ်လိုခံစားရလဲ ပြောပြပါဦး"

ကမ္ဘာကြီးတစ်ခုလုံးကို
ပိုင်ဆိုင်လိုက်ရသလို ခံစားချက်

သူဟာ ကိုယ့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ဖြစ်နေခဲ့တာလား

မနက်ဖြန်တိုင်းက လှပသွားတော့မလို
ခံစားချက်

သူဟာ ကိုယ့်ရဲ့ မနက်ဖြန်တိုင်း ဖြစ်နေခဲ့တာလား

အိပ်မက်တွေထဲမှာ ရှင်သန်နိုင်တော့မယ့်
ခံစားချက်

သူဟာ ကိုယ့်ရဲ့ အိပ်မက်တွေ ဖြစ်နေခဲ့တာလား

သူ့ကို ချစ်တဲ့ ကိုယ့်ရဲ့စိတ်က
ဒီလောက်ထိအောင် ဆန်းကြယ်တယ်တဲ့လား

A Flower He HatesWhere stories live. Discover now