6. Memory of Rain

490 61 4
                                    

[Unicode]

ထိုအချိန် ရုတ်တရပ် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မြင်ကွင်းကို ကွယ်လိုက်သော အဖြူရောင် ပုံရိပ်တစ်ခု

"ဟိုင်း...ဂျူဒါ"

ရင်းနှီးနေတဲ့ အဲ့ဒီအပြုံး​ကို မြင်လိုက်ရတဲ့ ထိုခဏမှာ ကိုယ့်ဒေါသတွေ အလျှိုလျှို ပုန်းကွယ်သွားကြသည် သူက ဟိုတစ်နေ့က ကိုယ့်ကို ဆေးခန်းလိုက်ပို့ပေးဖို့ လုပ်ခဲ့တဲ့ အပြုံးချိုချိုလေးပဲ

"ဟဲ့...ဂျူဒါ အဲ့ဒါလေးက ဘယ်သူလဲ ဘယ်သူလဲ
...ချစ်စရာလေးဟဲ့...ငါ့စတိုင်လ်လေး"

ဆူဘင်က ဘေးကနေရွစိရွစိ လာတွန်းထိုးနေတာကြောင့် ထိုကောင်လေးကို ဣန္ဒြေရရနဲ့ ပြန်တောင် နှုတ်မဆက်လိုက်ရ

အဆင်မြင်ရင် ရွပိုးထိုးတတ်သည်မှာ ဂျင် လုံးဝ ကြည့်မရသော ဆူဘင်ရဲ့ အကျင့်ပင်...အခုလည်း ဂျင်မှာ ဆူဘင့်အား မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လို့နေသည်...ဟိုဟာမလေးကတော့ အဆင်ငမ်းနေတာကြောင့် သတိထားမိပုံမရ

"သူက မင်...မင် ဘာမင်ဆိုလဲ မသိဘူး"

ကိုယ့်ဦးနှောက်က သိပ်သုံးစားလို့ရတာ အဲ့လို

"စိတ်မကောင်းဖြစ်သွားပြီ...ကျွန်တော့်နာမည်ကို မမှတ်ထားဘူးလား"

နှုတ်ခမ်းစူပြီး ညှိုးကျသွားတဲ့မျက်နှာလေးနဲ့ ကိုယ့်ကို ဝမ်းနည်းစွာ လာကြည့်သည်

"ကျွန်မက မှတ်ဉာဏ် သိပ်မကောင်းလို့...တကယ် ဆောရီးပါနော်"

မျက်နှာငယ်လေးနဲ့ သူ ကိုယ့်ကို ငေးကြည့်နေရာမှ ရုတ်တရက် ကိုယ့်လက်တစ်ဖက်ကို ညင်သာစွာ ဆွဲယူလိုက်သည်...ကိုယ် ကြောင်အန်းအန်းဖြစ်နေတုန်း သူက ဆော့ပင်အနက်နဲ့ ကိုယ့်လက်ဖဝါးပေါ်ကို နာမည်တစ်ခု ရေးလိုက်သည်

"မင် ယောင်း ဂီ...ကျွန့်တော်နာမည်...နောက်
မမေ့နဲ့တော့နော်"

မမျှော်လင့်ထားတာတွေကို ဆတ်ခနဲ ဆတ်ခနဲ လုပ်တတ်တာ ယောက်ျားလေးတွေရဲ့ အကျင့်ပဲလား...ကိုယ် ရှက်ကိုးရှက်ကန်းနဲ့ လက်ကို ခပ်မြန်မြန် ပြန်ဆွဲသိမ်းလိုက်မိသည်

"ကျွန်တော်တို့က တစ်နှစ်တည်းပဲဆိုတော့ ဂျူဒါလို့ပဲ ခေါ်မယ်နော်...ဖြစ်လား"

A Flower He HatesUnde poveștirile trăiesc. Descoperă acum