5. Sociopath

479 58 11
                                    

[Unicode]

နတ်သမီးလိုလှတဲ့ ချစ်စရာကောင်မလေးအား ရက်ရက်စက်စက် ငြင်းလိုက်ခြင်းကို ကိုယ်မအံ့သြမိ...ဒင်းက ကိုယ့်လို အချောဆုံးအလှဆုံးကျောင်းသူကိုတောင် ရှယ်ချေခဲ့တဲ့ကောင်လေ...ဘယ်မိန်းကလေးမှ လူထင်တာမဟုတ်ဘူး

မဟုတ်မှလွဲရော...သူလည်း ယောက်ျားလေးပဲ စိတ်ဝင်စားတာလားမသိ...ကိုယ်ကိုယ်တိုင် ရှပြီးသွားတည်းက ဘယ်ယောက်ျားလေးကိုမှ 100% သံသယမကင်းတော့

ဒါပေမယ့်.....

"ဂင်ထယ်ယောင်း...ဒီတစ်ခေါက်MT ကိုတော့လိုက်ခဲ့ပါတော့...တစ်မေဂျာလုံး ရှိသမျှလူအကုန်လိုက်မှ ရမှာလေ...စီနီယာတွေ ​ငါ့ကိုဆူနေပြီ"

အတန်းတစ်ချိန်ပြီးသွားသောအခါ ကျောင်းသားခေါင်းဆောင်ဖြစ်ပုံရသော ကျောင်းသားတစ်ယောက် မျက်နှာငယ်လေးနဲ့ ဂင်ထယ်ယောင်းကို တောင်းဆိုနေရှာသည်

"လူတွေ အများကြီးစုပြီး အရေးမပါတဲ့ခရီးတွေ လျှောက်ထွက်နေတာ မကြိုက်ဘူးလို့ ပြောထားပြီးသား မဟုတ်လား...မလိုက်ဘူး"

ကြည့်ရတာ ယောက်ျားလေးတွေကိုလည်း လူထင်ပုံမရ...အဲ့လို ကြမ်းတမ်းတမ်းစကားလုံးတွေကို မျက်နှာ​အမူအရာ တစ်ချက်မပြောင်းဘဲ အေးတိအေးစက် ပြောနိုင်တာက သူ့ရဲ့ ချီးကျူးစရာပါရမီလို့ပဲ ပြောရမလား

"မင်းကလည်းကွာ...ငါ့ကို သနားတဲ့အနေနဲ့ ဒီတစ်ခေါက်ပဲ လိုက်..."

"ငါ ဘယ်သူ့ကိုမှ မသနားတတ်ဘူး"

တစ်ဖက်လူရဲ့စကားကို ဆုံးအောင်နားမထောင်ဘဲ ခပ်တည်တည်နဲ့ လှည့်ထွက်သွားပုံမှာ တကယ်ဖြတ်ရိုက်ချင်စရာ

"ဒီကောင်ကတော့...တကယ်ပါပဲ"

ကျောင်းသားခေါင်းဆောင်မှာတော့ ခေါင်းကုတ်ဒေါပွရင်းသာ ကျန်ခဲ့ရရှာသည်

တကယ်ပဲ လူတစ်ယောက်က ဒီလောက်ထိ ရိုင်းစိုင်းပြီး တစ်ကိုယ်ကောင်းဆန်နိုင်လေသလား...Antisocialချက်က တကယ်ကို သြချလောက်စရာပါ

ရုပ်ရည်က အရာရာ မဟုတ်မှန်း
ရုပ်ချောတိုင်း သုံးစားမရမှန်း
အပြင်ပန်းထက် အတွင်းစိတ်က 100% ပိုအရေးပါမှန်း သက်သေပြလိုက်သည့် လူသားပင်

A Flower He HatesWhere stories live. Discover now