ဖုန်းဆက်ခြင်း

890 49 0
                                    

စာမေးပွဲဖြေရမည့်နေ့-

                     ချင်းရန် ကျောင်းအရောက် အရင်ကလို သူ့အား စကားလာမပြောနိုင်ပဲ စာကုန်းကျက်နေသော ဝမ်ဆွေ့တို့တစ်သိုက်။ သူ ခန့်မှန်းမေးခွန်းတေထုတ်ပေးခဲ့တာကြောင့် ဝမ်ဆွေ့တို့ အသဲအသန်ကျက်နေကြခြင်းဖြစ်သည်။ ဘယ်လိုပဲဖစ်ဖစိ သူကတော့ ချင်းယွဲ့မျက်နှာရအောင် အတော်ဆုံးဖြစ်အောင်လုပ်ရမည်။
               ဖြေဆိုနေချိန်တွင် Physicsမှ လွဲ၍ သူအကုန်ဖြေနိုင်လေသည်။ သူ့ကိုယ်သူ အားမလို အားမရဖြစ်မိသည်။ "ဟေ့ ချင်းရန် ဖြေနိုင်လား မင်းခန့်မှန်းဟာတေ အကုန်နီးပါး ပါတယ်ဟေ့"
             "ဟုတ်တယ် နောက်တစ်ခါဆိုရင် မင်းကိုပဲ အားကိုးတော့မယ်ကွာ"
             "နောက်၃ဘာသာလဲဖြေနိုင်မှာပဲဟေ့"ဝမ်ဆွေ့တို့ အပျော်ကြီးပျော်နေကြသည်။
               "ငါ သတင်းကြားတာကလေ ဒီစာမေးပွဲပြီးရင် လေ့လာရေးခရီး ထွက်ရမယ်တဲ့ ဗီယက်နမ်လို့ထင်တာပဲ ေတာတောင်ရေမြေတေလေ့လာရမယ်ဆိုတော့  ..."
             "မင်းကြားတာသာ အတည်ဖြစ်ရင် မိုက်ပြီကွ"အပျော်အပါးမက်တဲ့ ဝမ်ဆွေ့နဲ့ နီရှန်းကတော့ ခုန်ပေါက်နေပြီ။
               "မင်းရော ဘယ်လိုလဲလိုက်မှာမလား" ဆွေ့ကျိုးကမေးတော့ "မသိသေးပါဘူးဟာ လောလောဆယ် စာမေးပွဲပဲအာရုံစိုကိကြတာပေါ့"
                  သူ အိမ်ပြန်ရောက်တော့ ကြီးယွဲ့မှ ခေါင်းကြည်အောင် Green teaဖျော်ပေးပြီး ဖြေနိုင်လားလာမေးတယ်။ "သခင်လေး စာမေးပွဲရက်အတွင်းတော့ ငါးကြီးဆီနဲ့ ဒါလေးသည်းခံပြီးသောက်ပေးပါအုန်း ဒီဟာတေက မမလေးက ဂျပန်ကနေ အထူးမှာပေးထားတာ" 
                  "ဟုတ်လား ကျေးဇူးပါကြီးယွဲ့  ကျဲကျဲ့ ပြန်ရောက်ပီလား" 
                 "မရောက်သေးပါဘူး ဒီနေ့နောက်ကျမယ်ထင်တယ် ခရီးက ပြန်ရောက်ခါစဆိုတော့ အလုပိတေပုံနေမှာ"
                  ဝမ်ဆွေ့ပြောသလို ခရီးထွက်ရမည့်ဆိုလျှင် သူလိုက်သင့်သလား ကျဲကျဲ့က ငါ့ကိုလွှတ်ပါ့မလား တခြားနိုင်ငံကိ​ု သွားရမှာဆိုတော့ ပီးတော့ငါ့မှာ ပတ်စ်ပိ​ု့ လည်းမရှိဘူး စာမေးပွဲ ပြီးမှပဲမေးကြည့်တော့မယ်လေ

စာမေးပွဲနောက်ဆုံးဖြေပြီးသည့်နေ့တွင်

"ငါတော့ ဒီတစ်ခါတော့ အဆင့်၃၀အထက်ပဲကွ."
      "ငါကတော့ မင်းထက်ကျော်ကို ကျော်မှာ" 

The Beginning Of Love❤(own creation)Where stories live. Discover now