ခိုးလိုက်ခြင်း

816 21 0
                                    

မနက်စောစော နှစိယောက် အစီအစဥ်ဆွဲကြလေတယ်။
"ကျွန်တော့်လက်ထောက်နေရာဆိုတော့ နည်းနည်းတော့ ခိုင်းတာလေးတွေလုပ်ရမှာ ကံကောင်းတာက သူနဲ့အရပ်အမောင်းသိပ်မကွာလို့ အဆင်ပြေသွားတယ်။
တောအရပ်ဆိုတော့ ဖုန်တွေသဲတွေကြောင့် အကုန်လူံးက maskနဲ့သွားကြမှာ အဲ့တာလည်းအိုကေတယ် အရေးကြီးတာက မမလေးအနားသိပ်မသွားဖြစ်အောင်နေရမယ်"

"အင်း အခက်အခဲကတော့ သိပ်မရှိပါဘူး "

"အဓိက မမလေးအနားမသွားမိအောင်နေ သူမကအရမ်းအကင်းပါးတယ် တစ်ခုခုမှားတာနဲ့ရိပ်မိလိမ့်မယ် အဲ့တာဆိုရင် တို့နှစိယောက်သွားပြီပဲ သူမကို လိမ်ရင် အရမ်းစိတ်ဆိုးပြီး အပြစ်ဒဏ်ကလည်းကြီးကြီးမားမားပဲအကိုရေ ငါတော့မှားပြီလားမသိပါဘူး...."

"မမှားပါဘူး အောင်မြင်ရင် ဂိမ်းစက်လေးနဲ့ထိုင်ခုံလေးပါရမှာလေ အေးဆေးပေါ့ အကိုရှဲ့ယွင်"

"အကိုရှဲ့ယွင်ဟုတ်လား ညီလေးချငိးရန်က တော်လိူက်တာ အခုကတည်းက အခေါ်အဝေါ်တွေပြောင်းပြီး ရိုရိုသေသေဆက်ဆံပါ"

လိုအပ်တဲ့ပစ္စည်းတွေထည့်ထားတဲ့ ကျောပိုးအိတ် ကိုရှဲ့ယွင်က သူ့ပစ္စည်းတွေနဲ့အတူ ကားပေါ်တင်ထားမယ်ဆိုလို့ ထားခဲ့ပြီး အခန်းကိုပြန်လာပြီး အခုမှထတဲ့ပုံစံလုပ်ထားရတယ်။ မကြာပါဘူး သူမက သွားဖို့ပြင်ဆင်ပြီး သူ့ကိုလာနှုတ်ဆက်တယ်။

"ချင်းရန် ကျဲကျဲက သိပ်မကြာပါဘူး ဖိုးဖိုးကိုရှာတွေ့တာနဲ့ပြန်လာခဲ့မယ် ဒီမှာပဲ လိမ်လိမ်မာမာနေခဲ့ ဖုန်းလိုင်းကတော့မမီလောက်ဘူး ဒါပေမဲ့စိတ်မပူပါနဲ့"

"ဟုတ်ကဲ့ ကျဲ မေဗီတို့ကရောဘယ်သွားမလို့လဲ အထုပ်တွေပြင်နေတာတွေ့တယ်"

"Aww ပြောဖို့မေ့နေတာ မေဗီနဲ့ရှဟိုင်က မနေ့ကသွားတဲ့ဘုန်းကြီးကျောင်းလေ အဲ့မှာ၃ရက်လောက် အဓိဠာန်ဝင်မလို့တဲ့ ချငိးရန်က ဒီမှာပဲ နေခဲ့မှာမလား သူတို့က၃ရက်ပြီးရင်ပြန်လာမှာ"

တော်သေးတာပေါ့ အခြေအနေတွေက သူ့ဘက်ပါလို့။မဟုတ်တောင် သူစဥ်းစားနေတာ သူလိုက်သွားတာကိုမေဗီတို့မသိအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့။

The Beginning Of Love❤(own creation)Where stories live. Discover now