ထူးထူးဆန်းဆန်းဆို​တော့ လန့်နေတယ်

467 21 0
                                    

            ညနေစောင်းလောက်ပြန်​ရောက်ပြီး အသီးသီးအခန်းထဲမှာအနားယူကြတယ်။ ေရချိုးပြီးတော့ Group ထဲတစ်ချက်ဝင်ကြည့်လိုက်တော့ သူတို့တွေပြိုင်ပွဲတစ်ခုအကြောင်းပြောနေကြ။

နီရှန်း: ပြိုင်ပွဲက နောက်လမှဆိုတော့ မှီပါသေးတယ် လေ့ကျင့်ဖို့က တစ်လကျော်ကျော်ကျန်သေးတာဆိုတော့

ဆွေ့ကျိုး: ဒီအပတ်ကတော့ ထားလိုက်တော​့ နောက့အပတ်ကစပြီး အချိန်သေချာသတ်မှတ်ပြီး လေ့ကျင့်ရေးဆင်းမှရမယ်

ချင်းရန်:ဘာပြိုင်ပွဲလဲ

ဆွေ့ကျိုး :မင်းလိုင်းတက်တာစောင့်နေတာ ငါတို့နောက်လကျရင် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွေရှိတယ် အဲ့တာငါတို့ဘတ်စကတ်ဘောအသင်း လေ့ကျင့်ချိန်တွေ ဘယ်လိုစီစဥ်ရမလဲ ခေါင်းဆောင်

ချင်းရန် : အဲ့တာတွေက ငါစီစဥ်ပြီးရင် အချိန်ဇယားပို့ပေးလိုက်မယ် ခုမှ လအစပဲရှိသေးတယ် ငါကနှစိပတ်လောက်ပဲကြာမှာ အချိန်ရပါတယ်

ဝမ်ဆွေ့ :မင်းတို့သိပြီပြီလား ရှုယဲ့က Cheerleader အဖွဲ့ခေါင်းဆောင်ဖြစ်သွားပြီ သူမနဲ့လိုက်ပါတယ် ငါတို့ကျောင်းရဲ့ အလှဆုံးစာရင်းဝင်ဆို​တော့ ခေါင်းဆောငိရတာမစမ်းပါဘူး

ချငိးရန်:အခုရက်ပိုင်းအဖွဲ့ကိုတော့ မင်းလက်ထဲအပ်ထားမယ် အဆင်ပြေသလိုသာ လုပ်ထားလိုက် ေဆွ့ကျိုး

ဆွေ့ကျိုး:  Yes,sir

ဝမ်ဆွေ့: ငါပြောတာရော ကြားကြရဲ့လား Cheerleader အဖွဲ့ဆိုတာကလည်း ကျောင်းရဲ့မျက်နှာပန်းတွေပဲ သူတိ​ု့နဲ့ပါ လေ့ကျင့်ရမှာ ငါရဲ့နေ့ရက်လေးတွေကတော့ တောက်ပနေတော့မှာပဲ
ေဟးဟေး ပြန်ပြောကြအုန်းလေ ဆင်းသွားကြပြီလား😕

အချိန်ကတော့ ၁၁နာရီခွဲနေပေမဲ့ သူမအိပ်ပြီးလားလို့ သွားကြည့်လိုက်တော့ သူမရဲ့အခန်းတံခါးက အနည်းငယ်ဟနေပြီးတော့ မီးတွေလည်းမမှိတ်ရသေးဘူး။ ရှေ့ဆက်သွားဖို့အလုပ် ယောကျ်ားသံကြားလိုက်ရတယ်။ ဒီအချိန်ကြီး သူမနဲ့ဘယ်သူရှိနေတာလဲ။

     ဖြည်းဖြည်းချင်း သွားရင်း ကြည့်လိုက်တော့ Wကသူမရဲ့ ဘေးကခုံမှာထိုင်ပြီးပြောနေကြတာ။

The Beginning Of Love❤(own creation)Where stories live. Discover now