လေယာဥ်စီးတဲ့အတွေ့အကြုံ

402 24 0
                                    

တစ်ဖက်တွင်လည်း ချင်းယွဲ့က အခန်းထဲက မှန်ပြတင်းပေါက်နားက ဆိုဖာမှာထိုင်ပြီး အပြင်ကိုကြည့်ကာ ဖုန်းထဲက တစ်ဖက်လူပြောတာကိုနားထောင်နေတယ်။

"ချငိးယွဲ့ ငါထင်တာက သေချာတယ် အဲ့အလယ်မှာလူမျိုးစုတစ်ခုရှိနေပြီး ကျန်းအဘိုးကြီးက အဲ့မှာ ငါက ဒီတိုင်းအသိတစ်ချို့နဲ့လည်းစုံစမ်းပြီးသလို မြေအောက်လူတချို့ရဲ့အဖြေကလည်း တူနေတယ် ငါတို့သွားကြည့်မှပဲ အကြောင်းစုံသိရမှာ"

Wက လွန်ခဲ့တဲ့ ၃ရက်လောက်ကတည်းက အဲ့ကိုရောက်နေပြီ။

"မနက်ဖန်နေ့လည်လောက် ထွက်လာမှာ ပြီးတော့ သူငယ်ချင်းတွေနဲ့ မောင်လေးပါ လိုက်လာမှာ ရတယ်မလား"

"ရတယ်လေ မြို့ထဲနဲ့ ခရီးသွားနေရာတချို့ကတော့ နေထိုင်,လည်ပတ်ဖို့အဆင်ပြေတယ်။ဒါပေမဲ့ ဟိုကိုသွားရင်တော့မရဘူးနော် လူနည်းနည်းနဲ့ သေချာသွားရမဲ့လမ်း ဟ "

"Ok"

ဖုန်းချပြီးတော့ သူမ ဒါရိုက်တာချုပ်ကိုဖုန်းဆကိပြီး အလုပ်ကိစ္စတချို့ လွဲပေးပြီး ရှဲ့ယွင် ကိုပါ ခေါ်သွားမှာဖစ်လို့ အထုပ်ပြင်ဖို့ပြောလိုက်တယ်။ ရုံးပိတ်ရက် ဆိုတော့ ကုမ္ပဏီ ကိစ္စကတော့ စိတ်အေးရတယ်။

ကျဲကျဲရဲ့ ကိူယ်ပိုင်လေယာဥ်နဲ့ဆိုတော့ အချိန်ကတော့ သူမတို့စီစဥ်သလိုပဲ နေ့လည်၂နာရီ လေယာဥ်ပေါ်ရောက်နေပြီ။ သက်တောင့်သက်သာရှိပုံပေါ်တဲ့ အိပ်ရာတစ်ခုမှာ အရင်ဆုံးနေရာယူရတယ်။ ဘယ်မေ့ပါ့မလဲ သူမနဲ့မျက်နှာချငိးဆိုင်နေရာမှာလည်း ထိုင်ဖို့ကို။

"ချငိးရန် အခုလေယာဥ်ထွက်တော့မှာ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထား ဘာမှမဖစ်ဘူး "

သူ့ရဲ့ပထမဆုံးလေယာဥ်စီးတဲ့အတွေ့အကြုံကတော့ သူမရဲ့သေးသွယ်တဲ့လက်မောင်းလေးကိုမှီပြီး အိပ်ရတာပေါ့။၆နာရီကျော်ကြာတာမို့လို့ နိုးလာတော့ သူမကလည်း ခဏမှေးနေပုံရတယ်။ ရှဟိုင်တို့ကတော့ အေဆေးဖုန်းသုံး လက်တော့ ကြည့်နေတယ်။သူတို့ကတော့ လေယာဥ်စီးတာက ထမင်းစားရေသောက်လိုဖြစ်နေပြီး ဝိုင်တောင်သောက်လိုက်သေးတယ်။

The Beginning Of Love❤(own creation)Where stories live. Discover now