ခေါင်းဆောငိကောင်းနှစိယောက်

1.7K 28 1
                                    

" ပစ္စည်းတွေ ေတာ်တော်စုံစုံပါတာပဲ ကျေးဇူးပါ ရှဲ့ယွင် ဒါနဲ့ ကျဲကျဲရောဘာလုပ်နေလဲ"

"မမလေးလား သူမလည်းပစ္စည်းတွေ စစ်နေတာပါပဲ မနက်ဖန်တူတူသွားမဲ့သူတွေက ခုနက ဒေသခံလူကြီးနှစ်ယောက်ရယ် Wတို့အဖွဲ့သုံးယောက်ရယ် ကျွန်တော်တို့သုံးယောက်ပဲ လူကအများကြီးသွားတာမကောင်းဘူးလေ မနက်၄နာရီသွားမယ်ပြောတယ်"

"အင်းအင်း "

မနက်စောစော တောစီးကားတွေနဲ့ထွက်ခွာကြပြီး ကားလမ်းအဆုံးထိ လိုက်ပို့ပေးခဲ့ပြီး ကျန်သေးတဲ့ခရီးရှည်ကတော့ စွန့်စားခန်းကြီးလိုပင်။ ခုထိတော့ လူသွားလမ်းတွေသိသာစွာ ပေါက်နေပေမဲ့ တဖြည်းဖြည်း တောနက်ထဲရောက်လာတော့ ချမ်းစိမ့်ကာ တောကောင်တွေရဲ့အသံတွေ ကြားနေရပြီ။

ပန်းခြံရှိ သစ်ပင်များနှင့်ခြားနားစွာ မိုးထိအောင်မြင့်မားကာ ကြီးမားတဲ့ပင်စည်ကြီးများ၊ ရှုပ်ထွေးကာ များပြားတဲ့သစ်ခက်တွေကြောင့် နေရောင်ကွက်ကြားသာ ကျရောက်နိုင်လေသည်။မြောက်ဘက်ပြ နာရီများကိုယ်စီဝတ်ဆင်ထားကြပြီး တောစီးဖိနပ်ရှည် ကျောပိုးအိတ်ကိုယ်စီလွယ်ကာ လမ်းရှာပြီးသွားနေရတာကြောင့် စကားပင်မပြောနိုင်ကြ။

           Wတို့အဖွဲ့(သူမအပါအဝင်) နဲ့ဒေသခံနှစိယောက်က တောလမ်း၊ အခုလို ကြမ်းတမ်းကာ အနေအထိုင်ခက်ခဲတဲ့ခရီးကို မရိုးတော့ပေမဲ့ သူနဲ့ရှဲ့ယွင်ကတော့ အကုန်လုံးက အသစ်အဆန်းတွေပဲမို့ လိုက်မှီအောင်ကြိုးစားနေရတယ်။ Wနှင့် သူမက ဦးဆောင်ကာ သွား၍ အန္တရာယ်ရှိတဲ့အရိပ်အယောင်တွေ့ရင် သူတို့စစ်ဆေးပြီးမှ ဆက်လာခိုင်းလို့ စိုးရိမ်စရာတစ်ခုလျော့တယ်။

           မနက်စောစောကတည်းက ထွက်ခဲ့တာမို့ အခုနေ့လည်ရောက်တော့ ခရီးတော်တော်ရောက်နေပြီ။ သူ့ဘဝမှာတစ်ခါမှဒိလောက် လမ်းမလျှောက်ခဲ့ရဘူးလို့ထင်တယ်။ ခရီးခဏနားချိန်မို့ လမ်းတစ်လျှောက် ရိုက်ခဲ့တဲ့ပုံလေးတွေကို ပြန်ကြည့်ပြီး အကုန်လုံးအမောဖြေနေကြတယ်။ပုံရိုက်ဝါသနာပါတဲ့သူမို့လို့ batteryနဲ့ filmကတော့ မပါမဖစ်။သူမကိုကြည့်လိုက်တော့ ေတာရဲ့မြေပုံကိုကြည့်ပြီး ညမရောက်ခင်ဘယ်ထိရောက်အောင်သွားရမယ်ဆိုပြီး ဒေသခံလူကြီးနဲ့တိုင်ပင်ကာပြောနေဆဲ။

The Beginning Of Love❤(own creation)Where stories live. Discover now