အသေးစိတိက အစဂရုစိုက်တတ်သူ

548 34 0
                                    

     အပန်းဖြေစခန်းကို ဒီနေ့တော့ စောစောပြန်ရောက်၍ ရေမိုးချိုးပြီး အပြင်ထွက်စားဖို့လုပ်ထားကြသည်။
"ငါနဲ့ ဝမ်ဆွေ့ က ဆရာတေကို ခွင့်တောင်းလိုက်မယ်"
"မင်းတို့က မန်နေဂျာကို ကားသွားတောင်းလိုက်"
"Ok"

"ကျွန်တော်တို့ အပြင်သွားမလို့ ကားတစ်စီးစီစဥ်ပေးပါလား"
"ဟုတ်ကဲ့"
     ဝမ်ဆွေ့နဲ့နီရှန်း ခွင့်တောင်းပြီးရောက်လာတော့ ခဏအကြာမှာပဲ ကားလာလေသည်။
"CEOက သခင်လေးအပြင်သွားရင် သက်တော်စောင့်နဲ့ ဒါရိုက်ဘာပါ ထည့်ပေးရမယ်ဆိုလို့ပါ"

"အော် ကြေးဇူး"
    သူတို့ကားထဲမှာနေရာယူပြီး သွားဖို့အပြင်
"သခင်လေး အရမ်းနောက်မကျစေနဲ့နော် ပြန်ရောက်တဲ့အချိန် CEOကို တင်ပြရမှာမလို့"

"အင်း"

Driver - သခင်လေးတို့ဘယ်ကိုသွားမှာလဲ

      " ဒီက နာမည်ကြီး ရိုးရာစားစရာ ဆိုင်တစ်ခု လိုက်ပို့ပေးပါ"
       နှစ်နာရီလောက်ပဲကြာသည်။သူတို့အပန်းဖြေစံအိမ်ကို ပြန်ရောက်သည်။
    
     အဆောင်ပြန်ရောက်တော့ သူက ဖုန်းကြည့်နေပြီးတော့ ကျန်တဲ့သုံးယောက်ကတော့ ဂိမ်းဆော့နေကြသည်။
ဝမ်ဆွေ့ - ချင်းရန် ကျန်းမမလေးက ဒီလောက်အလုပ်များရတဲ့ကြားထဲက မင်းကို အသေးအဖွဲ့လေးက အစဂရုစိုက်ပေးတယ်နော်

ဆွေ့ကျိုး - ဟုတ်တယ် ငါ့ရဲ့နတ်သမီးလေးက သူမမောင်ကိုဒီလောက်ချစ်တဲ့လိမ့်မယ်လို့ မထင်ထားဘူး မင်းနေရာကို ငါသာဝင်လိုက်ချငိတော့တယ်

ချင်းရန် - သူမက အနေအေးပြီး ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံတေပဲ တကယ်ကတော့ သူမကိုယ်သူမထက်တောင် သူမချစ်တဲ့ သူတေကို ဦးစားပေးပြီး နွေးထွေးစွာဆက်ဆံတတ်တဲ့သူပဲ သူမက ခံစားချက်တေ ဘယ်လိုထုတ်ပြရမလဲ မသိရုံလေးပဲ။

နီရှန်း - ဒါနဲ့မင်းတို့သတိထားမိလား ဒီနေ့ မြူတော်တော်ဆိုင်းတယိနော် ကျန်တဲ့နေ့တေထက် ငါတို့ကအဆောင်ထဲမှာနေလို့သာမသိတာ

ဆွေ့ကျိုး - ငါတို့မနက်ဖန်ပြန်ရမှာမလား ရာသီဥတုကလည်းဆိုးနေတယ် သေချာဂရုစိုက် ပြန်မှဖြစ်မယ်ဟေ့

ချငိးရန် - ငါတို့ပြန်မဲ့နေ့ကျမှ ရာသီဥတုကလည်း မကောင်းဖြစ်နေတယ်

The Beginning Of Love❤(own creation)Where stories live. Discover now