ချင်းရန်ပါ တက်ရမယ်

430 28 1
                                    

             ကုမ္ပဏီ က စာရွက်စာတမ်းတစ်ချို့ ကို ရှဲ့ယွင် ခဏဝင်ယူတယ်။

"ကျဲကျဲ ရှေ့နားက လူတွေတိုးကြိတ်နေတဲ့ဆိုင်လေအဲ့က သရေစာမုန့်နဲ့သကြားလုံးက handmade တွေ ပြီးတော့ အရမ်းစားကောင်းတယ်"

"ချင်းရန် စားချင်ရင် ဝယ်လေ ရှဲ့ယွင် ကားရပ်ပေးလိုက်"

       မုန့်ဝယ်လာတဲ့ကောင်မလေးတွေကတော့ အရပ်ရှည်ရှည် ကျောင်းသားလေးတစ်ယောက်က ဒေါ်လာသန်းချီကားကနေ ဆင်းလာတာကို တွေ့လိုက်ကြတယ်။
ချငိးရန်က Cupcakeတစ်ဘူး သကြားလုံး၃ဘူး တခြားသရေစာထုပ်လေးတွေမှာလိုက်တယိ။

      ဒီဆိုင်က နောက်ထပ်အားသာချင်တစ်ခုကတော့ ထုပ်ပိုးမှုပုံစံလေးတွေက cuteဖြစ်နေတာ။ သကြားလုံးဆိုလည်း အကြည်ရောင်ဖန်ပုလင်းလေးနဲ့၊ သရေစာမုန့်သာပြောတယ် သစ်သီးခြောက်တွေ၊ နောက်တော့ ဒိန်ချိန်ထုပ်လေးပါ ပါတယ်။စားတဲ့အချိန်ကျရင် အဲ့တာကို ဖောက်,ထည့်ပြီး စားလိုက်ရုံပဲ။

"ရှောင်ကော Wechatလေး အပ်လိုက်ရမလား"

"ကျွန်မရောပဲ"

     မှာထားတဲ့ မုန့်တွေကို စောင့်နေတုန်း မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် wechatလာအပ်ကြတယ်။ဒါပေမဲ့သူပြန်​ဖြေလိုက်တာကတော့

"Sorry ငါ Wechatမသုံးဘူးတဲ့"

ကောင်မလေးများ - "......"

"ကျွန်တော်တို့ သခင်လေးက လုံးဝမြင်ရုံနဲ့ ကြွေသွားနိုင်တဲ့ ရုပ်မျိုးထဲပါတယ်နော် ဟိုမှာကြည့်ပါအုန်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ"

ချင်းယွဲ့ မျက်ခုံးနှစ်ခုကို နှိပ်နေကာ ဆိုင်ထဲကို လှမ်းကြည့်လိုက်သည်။  ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေပေါ်ကို အကြည့်တစ်ချက်တောင်မရောက်ပဲနဲ့ သူ့မုန့်ထုပ်တွေကို ဆွဲကာ ပြန်ထွက်လာသည်။

"ဒီမှာ ရှဲ့ယွင်ဖို့ သကြားလုံးတစ်ဘူး"

"😁 ဝါးအချိုနံ့လေးတွေမွှေးနေတာပဲ ေကျးဇူး"

         မီးတွေထိန်ထိန်နဲ့ စံအိမ်ကြီးကို ေရာက်တော့ ရေမြန်မြန်ချိုးလိုက်ပြီး ညစာအတူစားဖြစ်ကြတယ်။
ကြီးယွဲ့က ဝက်သားလေးတွေကို ပါးပါးလှီးပြီး အသီးအရွက်စိမ်းစိမ်းလေးတွေနဲ​့ကြော်ထားတယ်။ ပြီးတော့
ကြာစွယ်ဟင်းချို၊ ဟင်းတွေက ကောင်းပေမဲ့ သူမက ဟိုတို့ ဒီတို့လောက်ပဲစားတယ်

The Beginning Of Love❤(own creation)Where stories live. Discover now