သူပေးသမျှ အကုန်ကြိုက်သည်

591 33 0
                                    

          ည၈နာရီခန့်တွင် ကျောင်းသို့ ကားဆိုက်လေသည်။ ကိုယ့်အထုပ်ကိုကိုယ်ယူပြီး သူမကို ဖုန်းဆက်မလို့လုပ်တုန်း ရှဲ့ယွင်မှ လာကြိုလေသည်။
   "ရောက်နေပြီလား ခုပဲဖုန်းဆက်မလို့လုပ်နေတာ"
         ကား မှ လာကြိုသော လူအုပ်ကြီးနဲ့ လှမ်းလှမ်းမှာ ရပ်ထားသည်။ သူမ အလုပ်များ၍ ရှဲ့ယွင်ကိုပဲ လာကြိုခိုင်းသည်ထင်သော်လည်း ကားတံခါးဖွင့်လိုက်သည်နှငိ့ တန်းရလာသော ဗနီလာ အနံ့လေးကြောင့် ìသူမပါ ပါလာသည်လား။
"ကျဲကျဲ အလုပ်ဆင်းပြီလား "
"Inn"

           အိမ်ပြန်ရောက်၍ ရေမိုးချိုးပြီး ကြီးယွဲ့မှ ထမင်းစားရအောင် လာခေါ်၍ သူဆင်းသွား​တော့ သူမပါရောက်နေသည်။ သူမနှင့် ညဘက်တေဆို ထမင်းတူတူမစားဖြစ်သည်။ ဒီနေ့တော့ ထူးထူးခြားခြားပင်။
  "ဝါး ကျွန်တော့်အကြိုက်တေကြီးပဲ👍"
   "သခင်မလေးက ချက်ခိုင်းထားလိ​ု့ပါရှင်"

           ထမင်းစားပြီး သူမက ဆိုဖာကြီးတွင်ထိုင်ကာ ကွန်ပျုတာကြည့်နေသည်။ သူမနားက ထိုင်လိုက်ပြီး အိမ်မှဝန်ထမ်းများကို လကိဆောင်ဝေနေလိုက်သည်။ကြီးယွဲ့အတွက်တော့   သိုးမွေးစစ်စစ် handmade မာဖလာနဲ့ အနွေးထည်
ရှဲ့ယွင်ကတော့ ဝတ်စုံပြည့်နေ့တိုငိးဝတ်ရတော့ အမဲရောင် လက်အိတ်နှငိ့ခြေအိတ်

           ခဲ့ရှီမြို့က ထွက်သည့်သိုးမွေးသည် ချွေးစုပ်ပြီး တခြားသိုးမွေးတေလို မကြမ်းပဲ နူးညံ့ကာနွေးထွေးသောကြောင့်နာမည်ကြီးသည်။ထို့ကြောင့် အသုံးတည့်မည်ပစ္စည်းတေကိုသာ ရွေးဝယ်လာခဲ့သည်။
              ချင်းရန်က စိတ်ပူနေသည် ။ သူမမကြိုက်ရင်ဘယ်လိုလုပ်ပါ့မလဲ။ သူမက အသုံးအဆောင်မှန်သမျှသည် သီးသန့်ထုတ် ပစ္စည်းတေကြီးသာ။ သူလက်ဆောငိလေးက မပြောပလောက်ပေ။
          အမှန်တိုင်းပြောရရင် ချငိးယွဲ့လည်း စိတ်လှုပ်ရှားနေသည်။ သူမ၏ မောင်လေးဆီက ခရီးပြန်လက်ဆောငိ ရမည်မဟုတ်ပါလား။ အရင်က သူများတေကို အားကျခဲ့ရသည်။ မိသားစုဝင်တေ ခရီးက ပြန်လာရင် ရသည့်လက်ဆောငိတေကို သူငယ်ချငိးအချင်းချင်းပြောလေ့ရှိကြသည်။သူမအတွက်တော့ ဒီတိုင်းလေးပဲ ကြည့်နေရုံသာ။

          "ကျွန်တော်နဲ့ဆင်တူဝတ်ဖို့ဝယ်လာတယ်"
     သူမကြည့်လိုက်တော့ အသားရောင် ကုတ်အကျီ ဝတ်လိုက်သည်နှင့်​ နွေးသွားမည့် အကျီပုံစံမျိုးလေး။ယောကျာ်းလေးဆိုတော့ ရိုးရိုးရှငိးရှငိး ကြိုက်တယ်ထင်ပါရဲ့။ သူဝတ်ပြခိုင်း၍ ဝတ်ကြည့်လိုက်တော့ အတော်ပဲ။မကြီးလွန်း မသေးလွန်း အနေတောိအပွဆိုဒ်ပင်။

The Beginning Of Love❤(own creation)Where stories live. Discover now