ထူးဆန်းတဲ့ အက္ခရာတွေနဲ့

519 29 0
                                    

            စာအုပ်ဆိုင် ရောက်တော့ သူလိုအပ်တဲ့ စာအုပ်အချို့နဲ့ Eng ဝတ္ထု စာအုပ်ကိုဝယ် လိုက်တယ်။Eng ဝတ္ထုကတော​့ ညဘက် အားတဲ့အချိန် ချငိးယွဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဖတ်ဖို့ပေါ့။
           သူမအလုပ်လုပ်နေတဲ့အချိန် သူက ဘေးမှာ ဘာသာစကားတစ်မ​ျိုးကို လေ့လာရင်း မသိတာတေကို သူမကိုမေး စကားလေးဘာလေးပြော ညဘက်ဆိုရင် သူမအခန်းထဲသွားကာ စာလုပ်ခြင်းက ပုံမှန်အလုပ်လိုပင် ဖြစ်နေပြီ။
     
        "ချင်းရန် ပြကြည့်ပါအုန်း Eng ဝတ္ထု က ဘာတေဝယ်ခဲ့လဲ"
         ကားပေါ်ရောက်တော့ သူမက သူဝယ်လာတဲ့စာအုပ်တေကို ကြည့်နေသည်။
      "ချင်းရန် က သေချာရွေးတတ်သားပဲ ညကျရင် လာဖတ်လေ မသိတဲ့စာလုံးတေရှိရင် မေးနော်"
      "ဟုတ်"
     အချိန်ကြည့်လိုက်တော့ ၅နာရီပဲရှိသေးသည်။
  "ချင်းရန် မုန့်တစ်ခုခုစားအုန်းမလား ဘာစားချင်လဲ"

"ပါစတာ စားချင်တယ် "
   
"ရှဲ့ယွင် အီတလီဆိုင်ကောင်းကောင်းကို သွားလိုက်"

"သခင်လေးနဲ့ကျွန်တော် စိတ်ချငိးတူနေတယိဗျ ကျွန်တော်လည်း အီတလီစားစရာ စားချင်နေတာ"

           ည၇နာရီလောက် အိမ်ပြန်ရောက်လေသည်။
ကြီးယွဲ့ - ဒီနေ့တော့ ပြန်လာတာစောသားပဲနှစ်ယောက်လား
           သခင်လေးနှငိ့ သခင်မလေးက ဆက်ဆံရေးတိုးတက်လားပြီးနောက်ပိုင်း သခင်မလေးက အလုပ်စောစော ပြီးအောင် လုပ်ကာ သခင်လေးကို ကျောင်းကြို ၍ တူတူပြန်လာသည်ကများသည်။ ညဆိုရင်လည်း ညစာစားပြီးကတည်းက နှစ်ယောက်သားစာဖတ်ခန်းထဲဝင်သွားကာ အလုပ်လုပ်သူကလုပ် စာလုပ်သူကလုပ်။ နှစ်ယောက်သား သူ့အလုပ်နဲ့သူ ရှုပ်နေသော်လည်း အနေနီးကာ တွဲဖက်ညီနေသည်။

              တစ်ခါတလေ မကြားစဖူး ရယ်သံများပါကြားရလေသည်။
       ချင်းရန် ရေမိုးချိုးပြီး စာဖတ်ခန်းကို သွားတော့
ချင်းယွဲ့ ခေါင်းလျှော်ပီး သေချာမသုတ်ထားသောကြောင့် ရေစိုနေသေးသည့် ဆံပင်နှငိ့ပင် ထိုင်ကာ စီးပွားရေးသတင်းကြည့်နေသည်။ သူ၏ နက်မှောငိသော မျက်ခုံးတို့တွန့်ချိုးသွားလေသည်။ 'ဆံပင်ရေစိုနဲ့ အအေးမိတော့မှာပဲ ပြီးတော့ စာဖတ်ခန်းက Tvကိုထိုင်ကြည့်နေတာလေ စာဖတ်ခန်းမှာက အဲကွန်းက ဘယ်တုနိးကမှပိတ်ထားမဟုတ်ဘူး '
       သူမနားကို ထိုင်ကာ
   "ကျဲကျဲ ခေါင်းလျှော်ထားတာ သေချာလည်းမသုတ်ဘူး"
     "ပျင်းလို့ သုတ်ရမှာ ဆံပင်ကလည်း ရှည်လာပြန်ပြီ ညှပ်အုန်းမှ"
     "မရှညိပါဘူး ခုမှ ခါးကို ရောက်ရုံပဲရှိသေးတာကို ဆံပင်ရှညိလေးနဲ့လည်း ကြည့်ကောင်းနေတာပဲကို"

The Beginning Of Love❤(own creation)Where stories live. Discover now