ဖူးစာကြိုး

631 39 1
                                    

            ည ၈နာရီလောက်မှပြန်ရောက်ကြသဖြင့်
အကုန်လုံးပင်ပန်းကာ နားချင်နေကြသောကြောင့် အမြန်ရေချိုးကာ အနားယူကြသည်။

နီရှန်း - ပီဇာမှာစားရအောင် ဗိုက်ဆာနေပြီ

ဆွေ့ကျိုး - နည်းနည်း ခေါင်းကြည်မဲ့ အချိုရည်ပါ မှာလိုက်

နီရှန်း - Ok

          ပီဇာရောက်လာတော့ ဗိုက်ဆာနေကြ၍ စကားတောင်မပြောကြပဲ စားကြသည်။
ဆွေ့ကျိူး- ဒီညဘောလုံးပွဲ ကြည့်ကြရအောင်။

          "အေး"
       စားနိုင်သော လူငယ်များပီပီ ပေါက်ပေါက်နှင့် အာလူး​ကြော်များ ထပ်မှာလိုက်သေးသည်။
          ဝရံတာထွက်ပြီး သူမဆီဖုန်းခေါ်လိုက်သည်။ ဖုန်းမကိုင်သဖြင့် နောက်တစ်ခါ ထပ်ခေါ်လိုက်သည်။
      "သခင်လေး မမလေး အစည်းအဝေးခန်းထဲရောက်နေလို့ ဘာပြောပေးရမလဲ"
     "ည ၉နာရီတောင်ကျော်နေပြီ ခုထိ မနားရသေးပေါ့"
     "ဟုတ်တယ် မမလေး လူတစ်ယောက်ကိုရှာနေတာအဲ့လူက ပဟေဠိ တစ်ခုထားခဲ့တော့ အဲ့တာကိုလည်း အဖြေရှာရ ကုမ္ပဏီ ကိစ္စကလည်း ဖြေရှင်းရ။ အဲ့တာကြောင့်"
        "Aww ဒါပဲနော် ပြီးရင်ဖုန်းခေါ်ဖို့ပြောပေးပါ"

ဆွေ့ကျိုး- ဒေါက်ဒေါက် (ဝရံတာတံခါးခေါက်သံ)
          ေဟး ပွဲစနေပြီ လာတော့ဟေ့
     "အင်း လာပြီ "
            ည၁၁လောက်မှ သူမဖုန်းပြန်ခေါ်လာသည်။
"ချင်းရန် ဖုန်းခေါ်ထားတယ်ဆိုလို့"
"ကျဲကျဲ  ခုထိမနားရသေးဘူးလား "
"ခုအိမ်ပြန်နေတာ"
        သူလည်း ဖုန်းထဲမှ ကျယ်လောင်စွာကြားနေရသော သူမ၏ ဒေါက်ဖိနပ်အသံကို ကြည့်ခြင်းဖြင့် ကားပါကင်ရောက်နေပြီဆိုတာ သိလိုက်သည်။
"ချင်းရန် နေရတာအဆင်ပြေလား"
"အဆင်ပြေပါတယ် ဒီမြို့လေးကတော်တော်သာယာတယ် ကျဲကျဲနဲ့တူတူဆိုရင် ပိုပျော်ဖို့ကောင်းမှာ🙁"
"စကားတေတတ်နေလိုက်တာ "
"တကယ်ပြောတာ ဒါပဲနော် ကျဲကျဲလည်း နားရအုန်းမယ် အလုပ်တေလည်း အရမ်းလုပ်မနေနဲ့အုန်းနော် Goodnight နော်"

"Goodnightပါ"
.
.
.
          ဒီနေ့တော့ ပြတိုက်နဲ့ အခြားရှေးဟောင်းဘုရားတေကို လေ့လာရမယ်ဆိုတော့ သိပ်တော​့ပင်ပန်းမည်မဟုတ်။ ပြတိုက်ကတော့ ထွေထွေထူးထူးတော့ ဘာမှမရှိ။
         ရှေးဟောင်းဘုရားကြီးကတော့ ထုထည်တော်တော်ကြီးမားကာ ဆေးရေးပန်းချီများ အနုပညာလက်ရာတော်တော်မြားမြားတွေ့ရသည်။နာမည်ကြီးသည်ကတော့ ဆုတောင်းပြည့်ရေတွင်းနှင့် ဖူးစာကြိုးချည်သစ်ပင် ပင်။
           ဆုတောင်းပြည့်ရေတွင်းတွင်တော့ သူအတော်ကြာရပ်ကာ ဆုတောင်းခဲ့သည်။
စာရေးသူ - "ကျွန်မရဲ့မင်းသားလေးရေ ဘာဆုတောင်းလဲပြောပြပါလားဟင် စာဖတ်သူတေမသိအောင် တို့ကိုပဲတိုးတိုးလေးပြောပြလိုက်ပါလား"
ချင်းရန် - ပြောပြစရာလား ဆုတောငိးမပြည့်ဖစ်သွားမှာပေါ့
ကျွန်မ - 😐

The Beginning Of Love❤(own creation)Where stories live. Discover now