စကားများလွန်းတဲ့ ချစ်ရသောသူငယ်ချင်း

1K 52 0
                                    

လေဆိပ်၌

   
                    ၂နာရီလောက်စောင့်နေသော်လည်း မပေါ်လာသော ချင်းယွဲ့ကို စိတ်တိုနေသောသူ။ နိုငိငံခြားသွေးရော၍ အရပ်မှာ ၅ပေ ၉ အသားညိုသော်လည်း တစ်မျိုးလေး လှနေပြန်တယ်။ တစ်ချိန်လုံးခရ​ီးသွား အားကစားလုပ်နေသောကြောင့် မိန်းကလေးပေမဲ့ သန်မာ၍ ဖွံဖြိုးသောကိုယ်။ သို့သော် ထုံးစံအတိုင်း ယောကျ်ားလေးလို ဆံပင်တို အကျီဝတ်စားထားပြန်သည်။  လှပသောမျက်ခုံးများ တွန့်ချိုးနေစဥ်မှာပဲ

                     သူမတွေ့လိုက်သော အဖြူရောင်ပုံရိပ်လေး။ လူကြားထဲတွင်တောင်မှသူမအရှိန်အဝါကို ဖုံးကွယ်လို့မရ။ 'အိုး သူမလေးကအရင်အတိုင်းပဲ '

                   "ယွဲ့ယွဲ့ " သူမအကျယ်ကြီးအော်ပြီး ပြေးဖက်လိုက်လေတယ် ။ "ငါအကြာကြီး စောင့်နေရတာ နင် ငါ့ကိုများ မေ့သွားပြီလားလို့ သဲလေး "
                 6ပေနီးပါး အရပ်ကြီးဟာ ၅ပေ၅သာရှိသော သူမရင်ခွင် ထဲဝင်ပြီး ငိုနေခြင်းဟာ ကြည့်မကောင်း။ "မမေ့ပါဘူး"
                "ငါ့သဲလေး ေဘ ဘီ လေး မတွေ့ရတာတော်တော်ကြာပြီ နင်က ငါ့ဆီတောင် အလည်မလာဘူး ငါလာမှပဲတွေ့ရတော့တယ် "
                  "မေဗီ သွားကြအောင် ""A သူမတို့လေဆိပ်ကထွက်လာပြီး လမ်းတွင်
"မမလေး ဒါပြီးရင် အစည်းအဝေး ရှိ..ရှိ "    "ဘာအစည်းအဝေးလဲ ဖျက်လိုကိ သဲလေးက ငါ့ကိုပဲ အချိန်ပေးမှာလို့ ပြောပြီးသား ဟုတ်တယ်မလား "

                  "မမလေး မေဗီ ဒီဟာကလေ အရေးကြီး.ကြီး"
             "သိသားပဲ ယွဲ့ယွဲ့ နင်ကငါ့ကိုမချစ်ဘူး ငါ့မှာတော့ နင့်ကိုတွေ့ချင်လွန်းလို့ ၁၁နာရီကြာအောင် လေယာဥ်စီးခဲ့ရတာ နင့်ကြိုကိတဲ့အရာတေလည်း တစ်ခုမကျန် ဝယ်ခဲ့ပေးတာ အခုတော့ ငါဖို့ အချိန်လေးနည်းနည်းလေးတောင် မပေးဘူး " ငိုတော့မည့်အသံဖြင့် မာဗီပြောလေသည်။

               "ရှဲ့ယွင် ဒီနေ့ အချိန်ဇယားတေအကုန်ရှင်းထားလိုက် "
           "ဟုတ် မမလေး "
ထိုအချိန်ကျမှ   "ဟီး...ငါ့ယွဲ့ယွဲ့လေးက ငါ့ကိုပဲရွေးမယ်ဆိုတာ သိသားပဲ ချစ်လိုက်တာ "ပြောရင်းဖြင့် ချင်းယွဲ့ကို ဖက်ပြန်သော မေဗီ။

The Beginning Of Love❤(own creation)Where stories live. Discover now