ဒီလိုအချိန်လေးကို သဘောကျမိသည်။

786 41 4
                                    

            ချင်းယွဲ့ကိုယ်တိုင် ကားမောင်း၍ ထွက်လာခဲ့သည်။ မေဗီတို့ အိမ်သည် ကျန်းစံအိမ်မှ တစ်နာရီကျော်အောင်မောင်းရလေသည်။ အကြောင်းကတော့ မေဗီအဖေသည် လူနေမထူထပ်သော မြို့အစွန်နားတွင်နေရသည်ကိုကြိုက်လေသည်။ ဂေါက်ကွင်းနှင့် နီးသောကြောင့်လည်းဖြစ်သည်။ကျန်းစံအိမ်သည် မြို့၏မြောက်ဘက်အစွန်တွင် ရှိပြီး မေဗီတို့အိမ်သည်တောင်ဘက်အစွန်တွင်ရှိသောကြောင့် မြို့ထဲကိုဖြတ်သွားမှရောက်နေသည်။
          မိုးရွာထားသောကြောင့် ကားတံခါးဖွင့်လိုက်သောအခါ မြေသင်းနံ့လေး တစ်ချက်တစ်ချကိရနေသည်။ သူမကလည်း အနားမှာ ။ နှစ်ယောက်သားတိတ်ဆိတ်နေစွာ။ ချင်းရန် ဒီအချိန်လေးကို တကယ်ပင် သဘောကျမိသည်။
          သူမ ရှေးခေတ်အပြင်အဆင်နှင့် ဖွင့်ထားသော ဆိုင်၏ ခြံဝန်းတစ်ခုတွင် ကားရပ်လိုက်သည်။ "ချင်းရန် အန်းသခင်မ(မေဗီအမေ) ဖို့ လက်ဆောင်ဝယ်မလို့ လာလိုက်ခဲ့လေ "
         သူလည်း သူမခေါ်ရလိုက်ခဲ့လေသည်။ သူစိတ်နှင့်ကိုယ်နှင့် မကပ်ဖစ်နေသည်။ အကြောင်းကတော့ ချင်းယွဲ့မှ သူ့လက်အား လာချိတ်ပြီး ဆိုင်ထဲခေါ်သွားသောကြောင့်ပင်။ထူးဆန်းလွန်းသည့် အဖြစ်ပင်။ သူမက သူ့အား လက်ချိတ်ထားသည်တဲ့လား။ နီးကပ်နေသော ခန္ဓာကိုယ်နှစိခုကြောင့် သူ့ရင်ခုန်သံတေ ပေါက်ထွက်တော့မည်အတိုင်းပင်။ သူမ မကြားပါစေနဲ့။
          ဆိုင်၏ အတွင်းပိုင်းအပြင်အဆင်သည် အဆောက်အအုံပုံစံဖြင့်တောင်မလိုက်။ 4stars အဆင့်လောက်တောင် ရှိမည်ထင်သည်။ စားသုံးသူများကလည်း ဒိတ်ဒိတ်ကြဲ လူများဖြစ်နေလေသည်။ ဤဆိုင်သည် ဆိုင်၏ member ကဒ်ရှိမှာသာ ဝင်ရလေသည်။ပြင်သစ်မှ နာမည်ကျော်စားဖိုမှူးကြီး ဖွင့်ထားသောဆိုင်ဖြစ်၍ လူကုံထံတေသာ တတ်နိုင်လေကြသည်။ထူးခြားချကိကတော့ ကယ်လိုရီလုံးဝ မပါသော စားစရာများသာရောင်းချသောကြောင့် အမျိုးသမီးများကြားတွင် အလွန်ပင်ခေတ်စားလေသည်။
   
               နာမည်ကြီး မင်းသား မင်းသမီး များပင်တွေ့နိုင်လေသည်။"မဂ်လာပါ ဘွတ်ကင်လုပ်ထားပါသလား " ကောင်တာမှကောင်မလေးပြောသောအခါ ချင်းယွဲ့မှ အနက်ရောင်ကိုမှ လက်လက်ထနေသောစိန်ပွင့်များဖြင့် ကဒ်အား ပေးလိုကျသညျ။ဝန်ထမ်း​မှာ ချက်ချငိးပင် ပြာယာခတ်သွားပြီး ဆိုငိ၏ အတွင်းအကျဆုံး အတိအကျပြောရရင်တော့ စားဖိုမှူးကြီး ရှိတဲ့ စားဖိုဆောင်သို့တိုက်ရိုက်ခေါ်သွားလေသည်။

The Beginning Of Love❤(own creation)Where stories live. Discover now