ယောကျာ်းတစ်ယောက်နဲ့ မူးပြီးပြန်လာတယ်(၂)

1.2K 52 0
                                    

               ချင်းရန်တစ်ယောက် ၉နာရီမှ အိမ်ပြန်ရောက်၍ ဆူခံရမည်ထငိသော်လည်း ချင်းယွဲ့တစ်ယောက်ပြန်မရောက်သေး။ သူအိပ်မပျော်လို့ အောက်ထပ်မှာ Tvထိုင်ကြည့်နေသည်။ ကြီးယွဲ့သည် အမြဲတမ်းမမလေး ပြန်လာမှသာ အိပ်သည်။ ကျန်တဲ့သူများက​တော့ သူ့အလှည့်နဲ့သူ ။
                "၁၂နာရီတောင်ထိုးပြီ သခင်လေး မအိပ်သေးဘူးလား "
           "အိပ်မပျော်လို့ပါ " ထိုစဥ် အိမိရှေ့တွင်ကားရပ်သံကြား၍ သူတို့သွားကြိုကြသည်။ ပထမဆုံးမြငိရသည်ကတော့ ရှဟိုင်ရင် ဆရာဝန် မို့လို့သာတောိသည်။ မူးနေသည်မှာ လမ်းတောင်မလျှောက်နိုင်။
                  နောက်မှာတော့ ယောကျ်ားတစ်ယောက်အား တွဲ၍ ထွက်လာသော အဖြူရောင်ကောင်မလေး။ မမသည်  ဤပုံစံဖြင့် ပြောမပြတတ်အောင်ပင် လှလွန်းသည်။ ရှားပါးတဲ့ ပန်းရိုင်းလေးတစ်ပွင့်လိုပင် ။သို့သော် သူ့မျက်နှာ မည်းမှောင်သွားသည်။ ချင်းယွဲ့သည် သူ့ဘေးက မူးနေတဲ့ အကောင်အတွကိနဲ့ ဒါမျိုးဝတိသွားသည်လား။
                 "ဒီည ငါ့သဲလေးနဲ့ အိပ်မှာ " သူအရပ်ကြီးနဲ့ ချငိးယွဲ့ကို မှီထားသည်။ ထူးဆန်းသည်က သူမက စိတ်မတိုသည့်အပြင် ထိုသူအား ဂရုစိုက်ပေးနေသည်။
                 "ကြီးယွဲ့ အိပ်ရာအဆင်သင့်ပြင်ထားပေးတယ်မလား "
"ဟုတ်မမလေး"
                ထိုသူအား အခန်းထဲပို့ပြီးသည့်နောက် ပင်ပန်းစွာ ဆိုဖာတွင် ထိုင်လိုက်သောသူမ။သို့သော် ထိုလူအတွက် လိုအပ်သည်များကို ကြီးယွဲ့အား မှာနေသည်။ "ဟူး မောသွားတာပဲ" ရှဲ့ယွင် ရှဟိုင်ရင် ကို အိပ်ရာပေါ်တင်ပေးပြီးနောက် ပြန်လာတော့ မျက်နှာမည်းမှောင်ကာ မမလေးကိုစိုကိကြည့်နေသည့် ချင်းရန်ကိုတွေ့သည်။
             "သခင်လေး မအိပ်သေးဘူးလား"
"ရှဲ့ယွင် ခုနက ကျဲကျဲ့နဲ့ပါလာတဲ့ အမျိုးသားကဘယ်သူလဲ သူ့ကို ဘာလို့ အရမ်းဂရုစိုက်နေရတာလဲ "
   "အာ အဲ့တာကောင်မလေးပါ သခင်လေးကလဲ သူမက မမလေးရဲ့ တစ်ဦးတည်းသောမိန်းကလေး ငယ်သူငယ်ချင်း သခင်လေးရှအပါအဝင်ပေါ့ နောက်တစ်ယောက်က နိုင်ငံခြားမှာ သူတို့လေးယောက်က အရမ်းချစ်တာ ပြီးတော့မမလေးအကြောင်းအသိဆုံးတေ"

"အော်..." ​
"ဒါနဲ့ မမလေးကို ဂရုစိုကိလိုက်အုန်းနော် သူမ မူးနေတယ် သူမမူးရင် အခြားတစ်ယောက်လိုပုံစံပြောင်းသွားတယ် အဲ့ကြောင့် ကြီးယွဲ့ကတော့ သိပီးသားလေ သခင်လေးမသိမှာစိုးလို့ ပြန်ပြီနော်"

The Beginning Of Love❤(own creation)Where stories live. Discover now