1

619 34 8
                                    

unicode

မိုး​ကောင်းကင်တစ်ခွင်မှာ ညိုမဲ​နေတဲ့တိမ်တိုက်​တွေကိုကြည့်ရင်း သက်ပြင်း​ငွေ​ငွေ့ချမိတယ်... ပြတင်း​ပေါက်​တွေပိတ်ထား​ပေမယ့်လည်း မှန်တံခါး​ဟ​နေတဲ့​နေရာ​သေး​သေး​လေး​တွေဆီမှ မိုးစက်၊မိုးမှုန်​လေးများနဲ့အတူ အေးစက်စက်​လေ​တွေပါ တိုးဝင်တိုက်ခတ်လိုက်တိုင်း သူကတုန်ခနဲဖြစ်ဖြစ်သွားတယ်..

* ဒီအချိန်​လေး အိပ်ရာထဲ​ကွေး​နေရရင်ဘယ်​လောက်များ​ကောင်းလိုက်မလဲ​နော် 😪*

. Plan ကောင်တာတစ်ချက်လာထိုင်ပါဦး ငါမအားလို့ဟေ့

ဆိုင်မန်​နေဂျာရဲ့​အော်သံ​ကြောင့် စိတ်ကူးယဥ်​နေတဲ့အိပ်ရာ​လေးက​လည်း ရွှိခနဲ ပျောက်သွား​တော့တယ်..ဟူးစ် ဘဝဆိုတာဒီလိုပဲမဟုတ်လား.
ဖြစ်ချင်တာက တစ်ခု ဖြစ်​နေတာက တစ်ခု . . .ကဲပါ ညည်းညူ​နေလဲ အပိုပဲ Plan ရေ ဖိုက်တင်း! မင်းလုပ်နိုင်ပါတယ် !

. ကြိုဆိုပါတယ် ခင်ဗျ😁

.  ဒါကပြန်အမ်း​​ငွေပါ ကျေးဇူးတင်ပါတယ် ခင်ဗျ ဂရုစိုက်ပြီးပြန်ကြပါ​နော်😁

ဒီလိုစကား​တွေကိုပဲ ဆိုင်ကိုလာသမျှသူ​တွေကိုပြုံးရယ်ပြရင်း မညီးမညူ​နေ့တိုင်း​ပြော​နေရတာ.. စိတ်ညစ်စရာမ​​​ကောင်းဖူးလားလို့လာ​မေးရင်​​တော့ စိတ်ညစ်တာ​​ပေါ့.. ဒါ​ပေမယ့်လည်းကျွန်တော့် အ​နေအထားနဲ့က ဒီလိုဆိုင်​လေးမှာအလုပ်ရတာကိုပဲ တော်​တော်​ကျေးဇူးတင်စရာ​ကောင်း​နေပါပြီ . . .

နာရီသံတချက်ချက်ကလည်း ပုံမှန်​ရွေ့လျား​နေမှုနဲ့အတူ ဆိုင်ထဲမှာလည်းဧည့်သည်​တွေက တ​ဖြေး​ဖြေး​နည်းပါးလာခဲ့တယ်.. စိတ်ထဲက​နေ စက္ကန့်​လေး​တွေကို ရေတွက်လိုက်​တော့ ၅ ၄ ၃  ၂ ၁ ..8:00 P.M.
အလုပ်ဆင်းရပါပြီ 😁

. Plan တို့က​တော့​နော် 8:00 ဒေါင် ခနဲမြည်တာနဲ့တင် မျက်နှာကြီးက ပြုံးဖြီးသွားလိုက်တာ လေဆာ​ကြော်ငြာ​​နေသလိုပဲ

.ဖြစ်ရတယ်​နော်! ကျွန်တော့်ကိုပဲ လာ​ပြော​နေတယ် အကိုတို့ကြ​တော့​ရော ၇နာရီ၄၅မိနစ် လောက်ထဲကိုက နာရီကို အကိုတို့​ကောင်မ​လေး​တွေမျက်နှာလို တစိမ့်စိမ့်ထိုင်ကြည့်​နေကြတာ​လေ ကောင်တာမှာထိုင်​​နေတဲ့ ကျွန်တော်အားလုံးကိုမြင်တယ်

🔥P.S.Y.C.H.O🔥Where stories live. Discover now