12

128 15 2
                                    

Unicode

အိပ်မက်ဆိုး​တွေနဲ့အတူ ညဘက်တွေ လန့်နိုးလာခဲ့တာ ဘယ်နှစ် ညမှန်း​တောင် မရေတွက်နိုင်​တော့ဖူး  ပါးပြင်က စေးကပ်ကပ်မျက်ရည်​တွေကို လက်ခုံနဲ့ ဆွဲသုတ်ပစ်လိုက်တယ် 

' မငိုနဲ့​တော့​ Plan မျက်ရည်ကျတယ်ဆိုတာ မင်းဘဝကို အရှုံး​ပေး​နေတာနဲ့အတူတူပဲ  မင်း လွတ်​မြောက်ဖို့အတွက်က မင်းကိုယ်တိုင် ကြိုးစားမှရမှာ '

ကိုယ့်ကိုကိုယ်အား​ပေးရင်း အိပ်ခန်းတံခါးဝဆီကိုသွားရင်း တံခါးကိုဆွဲဖွင့်လိုက်​တော့ အိပ်ခန်းရှေ့မှာ အိပ်​ပျော်​နေတဲ့ Mean . . .
အောက်က အခင်းတစ်ခုမှမပါပဲ ဒီအတိုင်းကြမ်းပြင်​ပေါ်မှာ လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်ပြီး အိပ်​နေတဲ့ သူ့ကို​တွေ့ရ​တော့ ရင်ထဲမှာ နာလိုက်တာ...

ကျွန်​တော့်အတွက်ကြ​တော့ ကုတင်၊ အိစက်​နေတဲ့မွေ့ရာ၊ နွေး​ထွေးတဲ့ ခြုံထည်တွေ စောင်​တွေ အကုန်လုပ်ထား​​ပေးပြီး​တော့ သူကြ​တော့ အခုလို ဖြစ်သလို​နေ​နေတာလား ! အိပ်ခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး တိတ်ဆိတ်စွာ ငို​ကြွေး​​နေမိတယ်... ရင်ထဲမှာ ဘယ်လိုခံစား​နေရတယ်ဆိုတာ ကျွန်​တော် နားမလည်ဖူး
ဒါ​ပေမယ့် သူ အခုလိုပုံစံကို တွေ့ရတာ နှလုံးသား​တွေထဲ နာကျင်ရတယ်..

* ကိုယ့်ကိုကိုယ်​တောင် ဂရုမစိုက်ပဲ အမြဲတမ်း ငါ့အတွက်ဆိုပြီး ပြော​နေတက်တဲ့ မင်းကို မုန်းလိုက်တာ *

ပြတင်းပေါက်မှန်​တွေက​နေတစ်ဆင့် အပြင်မှာ​လေတိုက်တိုင်း ကြွေကြ​နေတဲ့ ရွှေဝါ​ရောင် သစ်ရွက်​​ခြောက်​တွေကို ငေးကြည့်​နေရတာ ကျွန်တော်ရဲ့ တစ်​နေ့တာ အလုပ်တစ်ခု ...

' အကို မျက်နှာ​လေး ဒီဘက်လှည့်လိုက်မယ်​နော် '

ဘယ်ဘက်ကို​စောင်းထားတဲ့ ကျွန်တော့်မျက်နှာကို လက်ဖဝါးအကြီးကြီး နှစ်ဖက်နဲ့ ဖွဖွ​လေးကိုင်ရင်း ညာဘက်ကို​စောင်း​စေတဲ့သူ... မနက်တိုင်း ကျွန်​တော့်ကို မျက်နှာသစ် ပေးတက်တာက သူ့အလုပ် ... ငြင်းဆန်ခဲ့​ပေမယ့် ကျွန်​တော့်ဘက်က ငြင်းဆန်မိတိုင်း သူ့ကိုယ်သူ တခုခု အပြင်းအထန်ဒဏ်ရာရ​အောင်လုပ်
တက်တဲ့ သူ့ပုံစံကို ကျွန်တော်ကြောက်တယ်.. သူ့ရဲ့ အဲ့လိုပုံစံက ကျွန်​တော့်အတွက်တော့ အိပ်မက်ဆိုးပဲ....

🔥P.S.Y.C.H.O🔥Where stories live. Discover now