9

123 14 4
                                    

Unicode

ငါ့ နေ့ရက်တိုင်းရဲ့ အစကို $ ကျက်သ​ရေတုံးတဲ့ ရုပ်နဲ့ အသံနဲ့ စတင်​နေခဲ့ရတာ ၂ ပတ်​ကျော်​ကျော်ရှိ​နေခဲ့ပြီ ... အ​ကြောင်းအရာက​တော့ မိုးလင်းတာနဲ့အကုသိုလ်​ပေးလွန်းတဲ့ မျက်ခွက်က အိမ်တိုင်ရာ​ရောက် မမြင်ချင်မှ အဆုံး​ရောက်လာ​နေလို့ပဲ ....

' မောင်​ရေ Morning  '

ပြောလို့မှ မဆုံး​သေးဖူး ရောက်လာပြန်ပြီ ... မိတ်ကပ်က တပိသာ နှုတ်ခမ်းနီ​တွေက အထပ်လိုက်နဲ့ ဘယ်​နေရာက ကြည့်ကြည့် အိုစာလွန်း​တယ်..
အကို နဲ့ သူနဲ့က ယှဥ်စရာ​တောင်မလို​အောင် ကွာခြားလွန်း​နေတာ..
သူ့မျက်နှာက ၂၄ နာရီ ပူ​လောင်​နေပြီး.. အကို့ကို ကြည့်လိုက်ရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ့ရင်ထဲကို အေးမြသွား​စေတာ...

' အယ် ချစ် မောင့်ကိုလဲ အ​​ကြောင်းမကြားပဲ ဘယ်က ဘယ်လို​​ရောက်လာတာလဲ '

' ဘာလဲ မောင်က ချစ်လာတာကို မကြိုက်တာလား.. ကိုယ့်ချစ်သူအိမ်လာတာပဲ
ဘာဖြစ်လို့လဲလို့ '

ဘာ $ ကိစ္စမှမဟုတ်လည်း အကို့ကို မိုးလင်းတာနဲ့ စိတ်ဒုက္ခလာလာ​ပေးတက်တဲ့ မိန်းမကို ဘာလို့များ ချစ်​နေရတာလဲ လို့ မေးခွင့်ရှိမယ်ဆိုရင် မေးပစ်လိုက်ချင်မိတယ်..

' မ မဟုတ်ပါဘူး ချစ်ရယ် မောင်တို့ အိမ်က ယောကျ်ား​လေး ၂ ယောက်ထဲ​နေတာဆို​​​​တော့​လေ ချစ်က မိုးလင်းထဲက လာရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်​နေမှာကို မောင်က စိုးရိမ်လို့ပါ ချစ်အတွက် ပြောတာပါ ချစ်ရယ် စိတ်မဆိုးနဲ့​နော် '

ရှင်းပြ​နေစရာမလိုပါဖူး အကိုရယ် .. ဒီလို မိန်းမမျိုးက လူလို​ပြောလည်း နားလည်မှာမှ မဟုတ်တာ...😏
' ပတ်ဝန်းကျင်များ ခေါင်းထဲ ကို မရှိတာ .. ချစ်က မောင့်ကို ချစ်ရလွန်း​တော့ မိုးလင်းတာနဲ့ မောင့်မျက်နှာ​လေးကို မြင်ချင်တာ​ပေါ့လို့.. နောက်ပြီး​တော့ ချစ်က မောင့်ကို တချို့​သောတစ်ဖတ်သက် လိုချင်​နေတဲ့ သူ​တွေ လက်ထဲက​နေလည်း ကာကွယ်ရ​သေးတယ်​လေ ဟုတ်တယ် မဟုတ်လား mean.. '

ငါ့ကို တည့်ကို​ပြော​နေတာပဲ.. ဟက်! အကို့ကို ကြည့်လိုက်မိ​တော့ အဖြူထည်​လေးက  နားမလည်နိုင်တဲ့ ပုံစံနဲ့ ..ဟိုဘက်ကို ကြည့်လိုက် သည်ဘက်ကိုကြည့်လိုက်နဲ့ နား​ထောင်​နေ​တာ..

🔥P.S.Y.C.H.O🔥Where stories live. Discover now