4

172 18 2
                                    

Unicode

ဒီ​နေ့​တော့ မိုးသား​တွေကင်းစင်လို့ ကောင်းကင်တစ်ခွင်မှာ ပြာလဲ့​နေခဲ့တာ.. နေ​ရောင်ခြည်​နွေး​နွေးရဲ့ ဖြာကျ​နေမှူ​အောက်မှာ ပျော်ရွှင်စွာ​ကစား​နေတဲ့ နတ်သား​လေး တစ်ပါးကို ငါ​သေ​သေချာချာ ငေးစိုက်ကြည့်​နေမိတယ်..
က​လေး​တွေအများကြီးရဲ့ကြားထဲမှာမှ သူကပိုပြီး က​လေးဆန်စွာ ချစ်စရာကောင်း​နေတာမျိုး​​..

တချို့ပိုက်ဆံချမ်းသာတဲ့သူတွေ ပန်းချီကားချပ်​တွေကို စျေးကြီး​ပေးပြီးဝယ်တာ
ကို​တွေ့ရင် အစက​တော့ ငါက ဖြုန်းတီး​နေတယ်ပဲထင်ခဲ့တာ..
သူ့ကို​တွေ့မှ ငါနားလည်ခဲ့တာက လူဆိုတာက ငါတို့သ​ဘောကျတဲ့အရာကိုဆိုရင် ကြည့်​လေ ကြည့်​လေ ပိုပြီး စိတ်ကျေနပ်စရာ​ကောင်းလာ​လေဆိုတာပဲ!
သူရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို ထိုင်​ငေးကြည့်ရတာ ငါ့အတွက်​တော့ အဖိုးတန် သက်ရှိပန်းချီကား​လေး တစ်ချပ်လိုပဲ..

' ညီမ​​လေး အပြင်ထွက်မ​ဆော့နဲ့​လေ '

စကား​ပြောတဲ့အသံ​လေးကလည်း နား​ထောင်လို့​ကောင်းတယ်.. Record လုပ်ပြီး​တော့ သူ့အသံ​​လေးကိုတစ်​နေကုန်နား​ထောင်​နေခိုင်းမယ်ဆိုရင်တောင် ငါ့အတွက် ရိုးအီသွားမှာမဟုတ်ဖူး...

' မီးမီးက ဘောလုံးသွား​ကောက်မလို့ပါ 😁 '

' ကား​တွေကို​သေချာကြည့်ဦး​နော် ဟုတ်ပြီလား '

' ဟုတ် '

သူတို့ ကျောင်း​လေးထဲက​နေ ပန်း​ရောင်ဂါဝန်​လေးဝတ်ဆင်ထားတဲ့က​လေးမ​လေးက လမ်းမ​ပေါ်ကို ဘောလုံး​ကောက်ဖို့ထွက်လာခဲ့တယ်.. ဘောလုံးကို​ကောက်ယူပြီး  ငါ့ကိုတွေ့​တော့ သူ့ရဲ့ယုန်သွား​လေးနဲ့တူ​နေတဲ့ သွား​လေး​တွေ​ပေါ်​အောင်ရယ်​ပြ​နေ​တာ..

* နင့်ပုံစံ​​​လေးက ချစ်စရာ​တော့​​ကောင်းပါတယ် ဒါ​ပေမယ့် ငါ့နတ်သား​လေးက ပိုချစ်စရာ​ကောင်းတယ် *

အဲ့ဒီအချိန်မှာပဲ လမ်းမ​ပေါ်က​နေအရှိန်ပြင်းပြင်းနဲ့ လာ​နေတဲ့ကား ၁ စီး..ငါမြင်​နေတယ် ဒီက​လေးအဲ့နေရာမှာဆက်​နေ​နေရင် သူ့ကိုကားကတိုက်သွား​တော့မယ်ဆိုတာလည်း ငါသိတယ် . ဒါ​ပေမယ့် ငါ...ငါဘာမှ​ပြောမထွက်ဖူး.
ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကိုစုံမှိတ်ထားမိ​​တော့ ကားဘရိတ်အုပ်သံတစ်ခု​တော့ကြားလိုက်ရတယ်... သေသွားလား??

🔥P.S.Y.C.H.O🔥Where stories live. Discover now