5

154 17 5
                                    

Unicode

အ​မေတို့ဆီက ပြန်လာ​တော့ ညနေခင်း ၆ နာရီ​တောင်​ကျော်​နေပြီ..
တစ်ည​လောက်ထပ်ပြီး အိပ်ခိုင်း​နေပေမယ့်လည်း ခွင့်​ပေးထားတဲ့ရက်ထပ်ပိုပြီး​တော့ ပျက်ရင် လစာကိုပါ ထိပါးလာနိင်တာမို့လို့ ရှိတဲ့ရထားနဲ့ အမြန်ပြန်လာခဲ့ရတာ... ရထားဘူတာက တစ်ဆင့် အိမ်ကိုပြန်​ရောက်​တော့ပဲ ည ၈ နာရီထိုးသွားခဲ့ပြီ.. ခရီးပန်းလာလို့ နားချင်​ပေမယ့် ခရီး​​ဆောင်အိတ်ထဲက အဝတ်အစားတွေကလည်း အခုအချိန်မှ ပြန့်​နေ​အောင်မထားရင် နောက်နေ့ဝတ်စရာက ရှိမှာမဟုတ်တော့ဖူး....

* အား.. ပင်ပန်းတယ်ကွာ  ငါ့အလုပ်​တွေဝိုင်းကူ​ပေးမယ့် သူတစ်​ယောက်လောက်များရရင် သိပ်​ကောင်းမှာပဲ *

Knock Knock! Knock Knock !

အိမ်​ရှေ့ခန်းက တံခါး​​ခေါက်သံထင်​ပေမယ့် ထပ်မံကြားရတဲ့အသံက ကျွန်တော့် အိမ်တံခါးကို​ခေါက်​နေတယ့်ပုံစံနဲ့ တူ​နေတာ​ကြောင့် သွားဖွင့်လိုက်​တော့ အ​ပေါ် ၊ အောက် အမည်း​ရောင်ဝတ်ထားတဲ့ ကောင်​လေး ၁ ယောက် ဘေးနားမှာလည်း ခရီး​ဆောင်အိတ် တစ်လုံးနဲ့ ??? အခန်းမှားလာတာလား မသိ?

'  ဘယ်သူလဲ မသိဖူး ခင်ဗျ  ဘာကိစ္စများရှိလို့လဲ ဟင် '

ကျွန်​တော်​​မေးလိုက်​​တော့ Hoodie ခေါင်းစွပ်ကို ဖြေး​ဖြေးချင်းချွတ်​နေတာ...
ခေါင်း​​မော့လာ​တော့မှ ဒီမျက်နှာ မြင်ဖူးသလိုလိုရှိသား .... ဟင်! ရထား​ပေါ်မှာ​တွေ့ခဲ့ရတဲ့ ကောင်​လေးပဲ !

' ထပ်တွေ့ရတာဝမ်းသာပါတယ် အကို 😊 '

' ဟင်..အော်..အေး ဝမ်းသာပါတယ် '

' ကျွန်​တော့်နာမည်က Mean ပါ ကျွန်တော်က အခု အကိုနဲ့ အတူတူ​နေဖို့ရောက်လာတာပါခင်ဗျ 😊 '
' ဘာ !!! '

ဘုရား! ကျွန်​တော်နဲ့ နေဖို့​​ရောက်လာတယ်ဆိုပဲ ခရီးပန်းလို့ အိပ်ငိုက်​နေတာ​တောင် ပျောက်သွားတယ်👁👁

' 😁 ဝင်ခဲ့​တော့မယ်နော် '

' ဘာ! ဟေ့ ဘယ်ကိုဝင်လာတာ.. '

ကျွန်​တော်​ပြော​နေတာကို ဂရုမစိုက်ပဲ သူက အိမ်ထဲကိုတန်းတန်းမတ်မတ်ဝင်သွားတာ! အမယ်! သူ့အဝတ်ထုတ်​တွေကိုပါ သေချာ​နေရာချ​နေ​သေးတယ်
ဘယ်သူက သူ့ကို​နေခိုင်းမယ်​ပြော​နေလို့လဲ! တွေ့မယ်

🔥P.S.Y.C.H.O🔥Where stories live. Discover now