13

151 14 6
                                    

Unicode

' သွား..  သွားမယ် အကို့ စိတ်ကြိုက် အကို သွားချင်တဲ့​နေရာမှန်သမျှ အကုန်သွားမယ်​နော် '

ဒီအိမ်ထဲက​​နောက်ဆုံး​တော့ ထွက်ခွာခွင့်ရ​တော့မယ်... အမြဲတမ်း တစ်​ယောက်ထဲ အထီးကျန်ဆန်စွာ ကြောက်လန့်မှု​တွေနဲ့ အ​ဖော်ပြု​နေခဲ့ရတဲ့ နေ့ရက်​တွေက​နေလွတ်​မြောက်​တော့မယ် .... အိမ်တံခါးက​နေ ထွက်လိုက်တာနဲ့ ညင်သာစွာ တိုက်ခက်​လာတဲ့ လေ​ပြေ​လေညှင်း​တွေက ကျွန်တော့်ရဲ့ လွတ်လပ်မှု​တွေကို
ဂုဏ်ပြု​ပေး​နေသလိုပင် 🕊

ခြံထဲကို ခြေချမိ​တော့ သစ်ရွက်​​ခြောက်​တွေပေါ် နင်းမိတဲ့အသံက အနည်းငယ်စိတ်​ခြောက်ခြားဖို့​ကောင်း​တယ်.. ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်ကို သေချာစွာ ကြည့်လိုက်မိ​တော့ ကြီးမားတဲ့ သစ်ပင်ကြီး​တွေကကလွဲရင် ကျန်တာ ဘာမှ မ​တွေ့ဖူး ...  အရာရာတိုင်းကလည်း တိတ်ဆိတ်ငြိမ်သက်လို့ ...

' အကို '

' ဟင်.! '

အ​နောက်ဘက်က​နေ * အကို * လို့​ခေါ်လိုက်တဲ့ သူ့ရဲ့အသံက ကျွန်တော့်အတွက် တော်​တော်ထိန်လန့်ဖို့​ကောင်း​နေခဲ့တာ.. ကျွန်တော့် အကြံအစည်​တွေများ ရိပ်မိသွားမလား စိတ်ပူ​နေမိ​ပေမယ့် သူ့မျက်နှာက လှမ်းကြည့်မိ​တော့
တခါမှ မမြင်ခဲ့ဖူးတဲ့ နူးညံ့ညင်သာတဲ့ အပြုံးတစ်ခုသာ တွေ့ရတယ် ...

' လန့်သွားတာလား အကို သွားရ​အောင်​လေ​နော် '

' အော် အင်း အင်း '

သူ့ကား​ပေါ်မှာထိုင်လိုက်မိ​ပေမယ့် စိတ်ထဲမှာတော့ အိပ်မက်လား ၊ လက်​တွေ့လားဆိုတာ သိပ်ပြီး​တော့ မယုံကြည်နိုင်​သေးဖူး ...
ကျွန်တော် အခုတကယ် ဟိုအိမ်ရဲ့အပြင်ကို​ရောက်နေတာပါ​နော် ...
လက်ဖမိုးကို ဆွဲလိမ်လိုက်​​​တော့ နာကျင်မှုကိုခံစားလိုက်ရတယ်...ဒါဆို တကယ်ဖြစ်​နေတာ​ပေါ့ ... တော်ပါ​သေးရဲ့ ...

ကားလမ်းဆိုပြီး သပ်သပ်လမ်း​ဖောက်ထားတာမရှိပဲ တောထဲက​နေပဲ ကွေ့ပတ်ပြီးသွား​နေရတာ​ကြောင့် တစ်ခါ​ရောက်ဖူးရုံနဲ့ ပြန်ထွက်သွားဖို့ဆိုတာ မလွယ်ကူမယ့် နေရာမျိုး ...တဆက်ထဲမှာပဲ တွေးလိုက်မိတာက သူ က​လေးဘဝတုန်းက ဒီလို​နေရာမျိုးမှာ တစ်​ယောက်ထဲ ကျန်​နေခဲ့ရတာတဲ့လား .....

🔥P.S.Y.C.H.O🔥Where stories live. Discover now