7

127 14 10
                                    

Unicode

နံရံမှာ ချိတ်ထားတဲ့ နာရီ​လေးကိုလှမ်းကြည့်မိ​တော့ 9:45.. အိမ်ထဲလည်း ဟိုဘက်​လျှောက်လိုက် ဒီဘက်​လျှောက်လိုက် လုပ်​နေမိတာ ဘယ်နှခါ​တောင်ရှိ​နေပြီလဲ မသိ​တော့ဖူး.. အ​ကြောင်းက.. ဟို​ကောင် Mean ကြောင့် ...
ည​နေ ဆိုင်သိမ်းတုန်းက​တော့ အတူတူပြန်လာခဲ့ကြ​ပေမယ့် တိုက်​အောက်လည်း ရောက်​တော့..* အကို ကျွန်​တော် အ​ရေးကြီးကိစ္စရှိလို့ * ဆိုပြီး အပြင်ထွက်သွားတာ အခုထိပြန်မလာ​သေးဖူး ...  ဖုန်းဆက်ကြည့်​ပေမယ့်လည်း စက်ပိတ်ထားတယ်ပဲ ပြန်ကြား​နေရတာ​ကြောင့် ကျွန်တော် တော်​တော်​လေး စိတ်ပူ​နေမိတယ်.. တစ်အိမ်ထဲ အတူတူနေတာကြာ​တော့ ဒီကောင်လေးကို ကျွန်​တော့် ညီ​လေး တစ်​ယောက်လို သံ​ယောဇဥ် ဖြစ်​နေမိတာ..

Knock Knock.. 

ဒီအချိန်မှာပဲ အိမ်​ရှေ့က တံခါး​ခေါက်သံကြားလို့အ​ပြေးသွားပြီးဖွင့်ပေးလိုက်​တော့ ခေါင်းကိုငုံထားပြီး Mask  အမဲ​​ရောင်ကိုလည်း တပ်ထား​သေးတယ့် Mean..

'Mean မိုးပဲ ချုပ်​​နေပြီ ဘယ်တွေ​​လျှောက်သွား​နေတာလဲ '

' ကျွန်​​တော် ကိစ္စ​လေးရှိ​နေလို့ပါ အိပ်ငိုက်​နေလို့ အိပ်နှင့်​တော့မယ်​နော် '

ကျွန်တော် မေး​နေတာကို ရှောင်ပြီး​တော့ ခေါင်းငုံကာ အိမ်ထဲကိုဝင်သွားတာ.. သူ့မျက်နှာက ဘာဖြစ်​နေလို့ ကျွန်​တော်ကြည့်တာကို မခံရတာလဲ .. လမ်း​လျှောက်​နေတဲ့ ပုံစံကလည်း ခြေ​ထောက်တစ်ဖက်က နာ​နေသလိုပဲ...တစ်ခုခုဖြစ်လာတာ​တော့ သေချာ​နေပါပြီ..

' Mean '

' ဗျာ '

' ညစာ စားပြီးပြီလား '
' ဟုတ် စားခဲ့တယ်  အကို​​ရော.. '

' ငါက မင်းကို စောင့်​နေတာ ဘယ်လိုလုပ်စားရဦးမှာလဲ မင်း​ပြော​​တော့ ဒီ​နေ့ မင်းချက်မယ်ဆိုလို့ စောင့်​နေတာ​လေ အခုမှပြန်လာ​တော့ ငါက ဘာသွားစားရမှာလဲ '

' တောင်းပန်ပါတယ်​ အကို  ကျွန်တော် အခုပဲ အကိုစားဖို့ တခုခု လုပ်​ပေးပါမယ် '

ကျွန်တော် ညစာစားပြီး​ပေမယ့် သူ့ကို တမင်တကာ​​ပြောလိုက်တာပါ.. သူက​တော့ တကယ်ထင်ပြီး မီးဖိုချောင်ထဲကို ဝင်ကာ တခုခုချက်ဖို့ ပြင်ဆင်​နေတာ..
ပန်းကန် တစ်ခြပ်ကို လှမ်းယူ​နေတဲ့ သူရဲ့လက်က နီရဲ​နေတာပဲ.. ကျွန်တော် ဘေးနားက​နေ သေချာ ကြည့်လိုက်တော့မှ သွေး​တွေထွက်​နေတာပဲ!

🔥P.S.Y.C.H.O🔥Where stories live. Discover now