11

163 17 4
                                    

Unicode

* Ti Ti * * Ti Ti *

ဝေးသွားလိုက် နီးလာလိုက်နဲ့ ကြား​​နေရတဲ့ နှိုးစက်သံ​ကြောင့် ကျွန်တော်မျက်လုံး​တွေကို မဖွင့်ချင်​​ပေမယ့် ကြိုးစားပြီး ဖွင့်လိုက်ရတယ်... မျက်နှာကြက်​ အစိမ်း​ရောင်​လေးကို တွေမိ​တော့ ခဏ တွေ​ဝေစွာ ငေးကြည့်​နေမိတယ်..
တကိုယ်လုံးက မလှုပ်ချင်​လောက်​အောင် ပင်ပန်းနွမ်းနယ်​နေပြီး ခေါင်း​တွေကလည်း နာကျင်​နေတာ....  ဘေးပတ်ပတ်လည်ကို ကြည့်မိ​တော့ အရာရာက နေသားတကျ ..

* ဟင် ဒါ.ငါ့အခန်းပဲ .. အဲ့တာဆို မ​​နေ့က ဖြစ်ခဲ့တာ​တွေက အိပ်မက်တွေ​လား? Mean က အဲ့လိုလူမျိုး မဖြစ်နိုင်ပါဖူးလို့ ငါထင်သားပဲ  *

* ဟား တော်ပါ​သေးရဲ့ကွာ ဒါနဲ့ ကော်ဖီနံ့​လေး မွှေး​နေတာပဲ Mean မနက်စာပြင်​နေတာ ထင်တယ် *

အိပ်ရာ​တောင် မသိမ်းဖြစ်​တော့ပဲ မီးဖိုခန်းဘက်ကိုသွားမိ​​တော့ Apron အနက်​ရောင်​လေးနဲ့ မနက်စာပြင်​နေတဲ့ Mean ကို တွေ့ရတယ်... ကျွန်​တော် သူ့ရဲ့ ကျောပြင်ကျယ် ကို​ငေးကြည့်​နေတုန်းမှာပဲ ကျွန်​တော့်ဘက်ကို ရုတ်တရက်လှည့်လာတဲ့ သူ့​ကြောင့် ဆက်ခနဲ တုန်သွား​​ပေမယ့် နွေး​နွေး​ထွေး​ထွေး ပြုံးပြ​နေတဲ့ သူ့ အပြုံး​တွေကိုမြင်ရ​တော့ စိတ်ထဲ နွေး​ထွေး​နေသလို ခံစားမိတယ်..

* အကို နိုးလာပြီလား *

သူ့ အသံကလည်း မနက်က နှိုးစက်သံလိုပဲ ဟိုးအ​ဝေးကြီးက ကြား​နေရတဲ့ အသံလိုမျိုး ဖြစ်​နေတာ .. ကျွန်တော်ကပဲ နားကြားမှား​နေမိတာလား မသိ???

* အကို့ အတွက် ကော်ဖီ​လေး ဖျော်ထားတာ သောက်ကြည့်ပါဦးလား *

Coffee ကမ်း​ပေးလာတဲ့ သူ့ရဲ့ ဘယ်ဘက်လက်က လက်ဆစ်​တွေက ပွန်းပဲ့​နေကာ သွေးစ တွေကပါ ခြောက်ကပ်လို့ .... တဖြည်းဖြည်းနဲ့ သူ့မျက်နှာက အပြုံး​တွေ မရှိ​တော့ပဲ မ​နေ့က တွေ့ခဲရတဲ့ စိတ္တဇတစ်​ယောက် လိုပဲ ဖြစ်လာတာ.. ကြောက်လန့်လွန်းလို့ ပြေးထွက်ချင်​ပေမယ့် တစ်ကိုယ်လုံးက လှုပ်လို့တောင် မရဖူး.. တစ်စုံတစ်​​ယောက်​လောက် လာကယ်ကြပါဦး...

* အကို့ ကျွန်တော်နဲ့ပဲ တစ်သက်လုံး​နေရမယ် ဘယ်​တော့မှ လွှတ်မ​ပေးဖူး
ဟားဟား ဟားဟား ဟားဟား *

🔥P.S.Y.C.H.O🔥Where stories live. Discover now