2

248 24 6
                                    

Unicode

တွန့်ကြေ​နေတဲ့အိပ်ရာ​ပေါ်မှာ​ ခြေပစ်၊လက်ပစ်လှဲ​နေရင်း စီးကရက်တစ်လိပ်ကို တရှိုက်မက်မက်​သောက်​နေမိတယ်.. အလင်း​ရောင်ဆိုတာ ဘယ်ဆီ​​နေမှန်းမသိ​အောင် အ​မှောင်ချထားတဲ့အခန်းထဲမှာဆေးလိပ်ငွေ့​တွေကလွင့်ပျံလို့..
တချို့လူ​တွေက ဆေးလိပ်​သောက်တာကို အပြစ်တစ်ခုလို့မြင်ကြတယ်.
ဆေးလိပ်​ငွေ့​တွေက လူကိုအန္တရာယ်ဖြစ်​စေတယ် ၊ အဆုတ်ကိုထိတယ် အစရှိသလို သူတို့ထင်ရာ မြင်ရာ​တွေ​ပြောတက်ကြတာ.

ငါက​တော့ အနုပညာဆန်တယ်လို့ပဲမြင်တယ်! ဆေးလိပ်​ငွေ့​တွေက ငါ့အတွက်​တော့ စိတ်ခံစားချက်​တွေပဲ..တချို့လူ​တွေကို ပြောလို့မဖြစ်တဲ့ကိစ္စ​တွေကို ငါ့နည်း ငါဟန်နဲ့ ရင်ထဲ​ပေါ့သွား​အောင် ပေါက်ကွဲထုတ်လိုက်တာ​ပေါ့ သေချာ​တွေးကြည့်မယ်ဆိုရင် $ရမ်းကဗျာဆန်လွန်းပါတယ် အဟက်! 🚬

(📱🎶 ) ညာဘက်က စားပွဲခုံ​ပေါ်ကိုပစ်တင်ထားတဲ့ ဖုန်းကိုလှမ်းယူဖို့ပြင်လိုက်​ပေမယ့် နည်းနည်း​လေးလှုပ်လိုက်တာနဲ့ ဗိုက်ထဲက​​အောင့်​နေမိတယ်..ကျစ်!
တရပ်စက်မြည်​နေတဲ့ ဖုန်းသံ​ကြောင့် စုတ်သပ်ပြီး​တော့ ဖုန်းကို မရရ​​အောင်ယူပြီး ကိုင်လိုက်ပါတယ်

' ဘာလဲ '

' မင်းဒီ​နေ့ထိသွားတယ်ဆို အဲ့တာ ငါ​ဆေးခန်း​ခေါ်သွား​ပေးရ..'

' မင်းလို​ကောင်က​လေ ! အဟား $ပို​တွေသိပ်မလုပ်စမ်းပါနဲ့ ရွံစရာ​​​ကောင်း​​အောင်လို့ ထွီ! '

' မင်းလို​ကောင်ကိုလည်း စေတနာရှိလွန်းလို့​တော့မဟုတ်ပါဖူး မ​ကောင်းတက်လို့ မေးတာ '

' တော်စမ်းပါ မင်း$သံကြား​နေရတာ ငါ့ဒဏ်ရာ​တွေပိုနာတယ် ဖုန်းထပ်မဆက်နဲ့ ဒါပဲ '

ကုတင်​ပေါ်လှဲချလိုက်​ပြီး မျက်လုံး​​တွေကိုမှိတ်ချလိုက်မိ​တော့ အာရုံထဲကိုဝင်လာတဲ့ သူတစ်​ယောက်... လူကဖြင့်ယိုင်နေတာကို သူ့စက်ဘီးကို သော့ သေ​သေချာချာခတ်​နေ​သေးတာ..

' ငါ့ကို​ခေါ်တာများ * ချာတိတ် *တဲ့ သူ့ကိုယ်သူ ဘာထင်​နေလဲမသိဖူး.. '

ဆေးလိပ်ထပ်​​​သောက်ဖို့ ဘောင်းဘီအိတ်ကပ်ထဲက နှိုက်လိုက်​ပေမယ့် ထွက်လာတာက ပိုက်ဆံ ၁၀၀၀ တန်... ခုနကသူ ငါ့ကိုပေးခဲ့တဲ့ပိုက်ဆံပဲ...
မကြားရတာ တော်​တော်ကြာ​နေပြီဖြစ်တဲ့စကား​လေး သူ့ဆီကကြားလိုက်ရတယ်

🔥P.S.Y.C.H.O🔥Where stories live. Discover now