6

141 16 6
                                    

Unicode

တစ်ညလုံးနီးပါး သူ့မျက်နှာ​​လေးကို ငေးကြည့်​နေမိတဲ့ ငါ မနက်ခင်း​ရောက်ခါနီးကြမှ အိပ်​ပျော်သွားခဲ့တာ.. အခု အိပ်ရာနိုးလာ​​တော့ သူ့ကုတင်​လေးကို ကြည့်လိုက်မိ​ပေမယ့်  အိပ်ရာခင်း​ အစိမ်း​ရောင်​လေးက ခြေရင်းမှာ သေသပ်စွာ​နေရာယူလို့....  အလုပ်သွားရမယ့် အချိန်လည်း မ​ရောက်​သေးပါဖူး..

' Mean နိုးလာပြီလား မနက်စာ လာစား​လေ 😁 အရမ်း​တော့ မ​ကောင်း​ပေမယ့် စားလို့​တော့ရပါတယ် 😁 '

အိပ်ခန်းထဲက ထွက်လာ​တော့ မီးဖိုခန်းဘက်မှာ မနက်စာပြင်ဆင်​နေတဲ့ သူ့ကို တွေ့လိုက်ရတယ်..ပြတင်း​ပေါက်က ဖြာကျလာတဲ့ မနက်ခင်းနေ​ရောင်ခြည်က သူ့ရဲ့ အပြုံး​လေး​တွေကို ပိုလှ​အောင် လုပ်​ပေး​နေသလိုပဲ.. ဒီ မြင်ကွင်းကိုကြည်ရင်း ငါ့ရင်ထဲ တစ်ခုခု ဖြစ်​နေသလိုခံစားရတယ်..

' Mean ! လာ ထိုင်​လေ ဘာ ရပ်လုပ်​နေတာလဲ '

' .. ဟုတ်.. '

' နေဦး ! '

စားပွဲမှာ ထိုင်ခါနီး ငါ့ကို တားလိုက်တဲ့သူ​​ကြောင့် ရုတ်တရက် ဘာလုပ်လို့ လုပ်ရမှန်း​တောင် မသိ​တော့ဖူး..

' မျက်နှာသစ် ပြီးပြီလား? '

' မသစ်ရ​သေးဖူး '

' အာ့တာဆိ သွားသစ်​လေ ရေချိုးခန်းထဲမှာ ဆပ်ပြာလည်းရှိတယ် '

' ကျွန်​တော်က အရင်ကလဲ နိုးလာတာနဲ့ ဒီလိုပဲ မနက်စာစားလိုက်တာပဲ '

' မရဖူး မရဖူး  အရင်က အရင် အခုက အခု သွား မျက်နှာကိုသွားသစ်ခဲ့ '

' ....  '

' ဘာ ကြည့်တာလဲ မနက်စာ မ​​ကျွေးပဲ နေလိုက်မယ်​နော် 😒  '

သူ​ပြောတာ နားမ​ထောင်လို့တဲ့ ငါ့အတွက်လုပ်​ပေးထားတဲ့ ပန်းကန်ကို သူဘက်ပြန်ဆွဲထားပြီး လက်နဲ့​သေချာကိုင်ထား​သေးတာ.. မျက်​စောင်းက တထိုးထိုးနဲ့
* $ရမ်းအသည်း​တွေယားတယ် * ရုပ်​ကိုကဖြစ်ညှစ်ပစ်ချင်စရာ​​လေး ဟက်

' မ​​​ကျွေးပဲ​တော့ မ​နေပါနဲ့ အခုပဲ အကို​ပြောတဲ့အတိုင်း လုပ်ခဲ့ပါမယ် '

🔥P.S.Y.C.H.O🔥Where stories live. Discover now