3

206 20 14
                                    

Unicode

၃ လိပ်​မြောက် ဆေးလိပ်ကုန်သွားတဲ့အချိန်မှာ ဖုန်းကနာရီကိုကြည့်မိ​​တော့ ၉ နာရီခွဲ​နေပြီ.. ပုံမှန်​နေ့​တွေထက် ဒီ​နေ့တော့သူတော်​တော် နောက်ကျ​နေတာပဲ..
အလုပ်မသွားတာလား? ဘာများဖြစ်လို့လဲ ??

ငါဆိုတဲ့ကောင်က ဘယ်အရာကိုမဆိုစောင့်ရတာကို စိတ်ရှည်တဲ့လူစားမျိုးမဟုတ်​ပေမယ့် ဒီ အ​သေး​​လေး​နောက်ကို လိုက်ဖို့ကို​​တော့ ငါ့အတွက်စိတ်မရှည်တာ​တွေ ၊ သူ့​နောက်ကို တချိန်လုံးနီးပါးလိုက်​နေရလို့ ပျင်းစရာ​ကောင်းတဲ့ ခံစားချက်​​တွေ ငါ့ဆီမှာမရှိခဲ့ဖူး..

ဘယ်လိုအ​ကြောင်း​ကြောင့်လဲ​တော့ ငါမသိ​ပေမယ့် သူ့ကို​ငေးကြည့်​နေရရင်ကို ငါ့အတွက်က စိတ်ကျေနပ်စရာ​ကောင်း​နေတာ..ဒီ​နေ့အပါအဝင်ဆိုရင် သူ့​နောက်ကို ငါလိုက်​နေမိတာ ၂ ပတ်​​လောက်ရှိပြီ.
မနက်ခင်း သူအလုပ်လုပ်တဲ့ ဆိုင်ကိုသွားတဲ့အချိန်ကစပြီး​တော့ ညဘက်သူအိမ်ပြန်တဲ့အချိန်ထိ ငါက သူ့အနီးအနားမှာရှိ​နေခဲ့​ပေမယ့် သူက​တော့ ငါ့ကို ရှိမှန်းတောင် သိမယ် မထင်ပါဖူး.. ပုံစံ​လေးကိုက အမြဲတမ်းအူ​ကြောင်ကြား​လေး..

' ဦး​လေး​ရေ သားရဲ့အိမ်​ကို တချက်​လောက်ကြည့်ထား​ပေးပါဦး​နော် '

သူ့အသံကြားလို့လှမ်းကြည့်လိုက်မိတဲ့ တစ်ခဏမှာ ငါ့​ခေါင်းထဲက လက်စအ​တွေး​တွေ အကုန်ရပ်တန့်သွားတယ်. ထပ်​​​သောက်ဖို့ထုတ်ထားတဲ့ ဆေးလိပ်​တောင်လက်က​နေလွတ်ချသွား​အောင် သူပုံစံ​လေးက
*$ရမ်းကိုချစ်စရာ​ကောင်း​နေတာ*

' သား ညကြရင်ပြန်လာခဲ့မှာလား '

' ပြန်မလာ​တော့ဖူး မ​ရောက်တာကြာပြီဆို​တော့ အဲ့သည်မှာပဲ အိပ်လိုက်​တော့မယ်😁 နောက်ပြီးတော့ ဆိုင်ကလည်း ၂  ရက်ခွင့်ပေးထား​တော့ ရောက်တုန်း​ရောက်ခိုက် နေလိုက်ဦးမယ်ရယ် '

' အေးပါ ဂရုစိုက်သွားဦး​နော် '
' ဟုတ်ကဲ့ပါ ခင်ဗျ '

စကား​ပြောရင် ဘာလို့ လူတကာကိုအပြုံးချိုချို​လေးနဲ့​ပြော​နေရတာလဲ..ဒီ​​လောက်ချစ်စရာ​​ကောင်းလွန်းတဲ့ အပြုံး​လေးကိုမြင်ရတဲသူတိုင်းက ငေး​​မော​နေတာက $ ရမ်း $မြင်ကတ်ဖို့​ကောင်းတယ်..
စက်ဘီးနဲ့သွားမယ်ထင်လို့ ငါလည်း အိမ်ကစက်ဘီးယူလာခဲ့​ပေမယ့် သူက လမ်းမ ဘက်ကိုတန်းပြီးထွက်သွားတယ်..ဘာလဲဟ ကားဌားသွားမှာလား??

🔥P.S.Y.C.H.O🔥Where stories live. Discover now