15

212 14 8
                                    

Unicode

' အကိုက ဘယ်သူလဲ ဟင် '

သူ မေးလိုက်တဲ့ စကားတစ်ခွန်း​ကြောင့် လှုပ်ရှားမှု​တွေလည်း ရပ်တန့်သွားခဲ့ရသလို ၊ စကားသံ​တွေလည်း တိတ်ဆိတ်သွားခဲ့တယ်  ... သူ  ကျွန်​တော့်ကို ညာ​နေတာလို့ စွပ်စွဲပစ်လိုက်ချက်​ပေမယ့် ပကတိ တည်ငြိမ်နေတဲ့ မျက်ဝန်း​တွေက ကျွန်တော့် ရင်ကို စို့နင့်​​စေတယ် ..

' Mean.. '

' ... '

' မင်း.. မင်း တကယ်ကို ဘာမှ မသိ​တော့ဖူးလား နည်းနည်း​လေးတောင်မှ မမှတ်မိ​တော့ဖူးလား ဟင် '

ကျွန်​တော်​မေးတဲ့ မေးခွန်းကို ခေါင်းသာခါပြတဲ့ သူ့အ​ဖြေ​ကြောင့် လူက မတ်တပ်ရပ်​နေတဲ့ ခြေ​ထောက်​တွေ​တောင် မခိုင်ချင်​တော့ဖူး ...

' နား.. နားလိုက်ဦး​နော်  အကို .အပြင်..အပြင်ခဏသွားလိုက်ဦးမယ် '

' နေဦး​လေ အကိုက ဘယ်သူလဲလို့ မေး​နေတာ ဖြေသွားဦး​လေ '

' အရင်ဆုံး နားလိုက်ပါဦး နောက်တော့ ဖြေး​ဖြေးချင်း ပြောပြသွားမှာ​ပေါ့  '

' ဒါ​ပေမယ့် ...  '

သူ ဆက်​မေးလာမယ့် မေးခွန်း​တွေအတွက် တိကျတဲ့ အ​ဖြေကို မ​ပေးနိုင်တာ​ကြောင့် အခန်းအပြင်ကိုပဲ အမြန်ထွက်လာခဲ့မိပါတယ် .. သူ ..သူ ဘာဖြစ်သွားတာလဲ .. အတိတ်​မေ့သွားတာလား ?
မဖြစ်နိုင်တာ... သတိရရခြင်း​တောင် ပထမဆုံး ~ အကို ~ လို့ ခေါ်​နေခဲ့တာကို အခု ကျွန်​တော့်ကို မသိ​တော့ဖူးလား ....
ဒါ​တွေက အိပ်မက်မက်​နေတာမဟုတ်ဖူးလား ... အိပ်မက်ဆိုး ဆိုရင်လည်း မြန်မြန်နိုးထလာပါ​တော့ .... အ​တွေး​တွေထဲ နစ်​မြော​နေရင်း ရုတ်တရက် ပါးပြင်​ပေါ်မှာ စိုစွတ်သွားတာ​ကြောင့် စမ်းကြည့်လိုက်​တော့ မျက်ရည်​တွေ ...
ငါ အခု ဘာလုပ်ရ​​တော့မလဲ Mean ရယ် ... 💔💔

* အဲ့ တစ်​ယောက်​​ပေါ့ ဘာဇယား​တွေရှိမှန်း မသိပါဖူး ခုနကလည်း မိန်းမ တစ်​ယောက်က သူ့ကို ပါးရိုက်သွားသေးတာ *

* ဟယ် ဟုတ်လား ရုပ်​လေးကြည့်​တော့ ဖြူဖြူစင်စင်​လေးနဲ့ မထင်ရဖူး​နော် *

🔥P.S.Y.C.H.O🔥Where stories live. Discover now